အဝေးရောက်ချစ်သမီးလေးအတွက် မေမေ့ရဲ့အနွေးထွေးဆုံးလက်ဆောင်

0
128

မေမေရေ…

နေကောင်းရဲ့လား။ သမီးကတော့ ရာသီလာခါနီးဆိုတော့ ဗိုက်တွေလည်း အောင့်၊ ကိုယ် လက်တွေလည်း နာကျင်ကိုက်ခဲ၊ ရင်သားတွေလည်း နာနေလို့ ကျောင်းတောင် မသွားနိုင်ဘူး။ ဒီအချိန်ဆို သမီးသိပ်စိတ်ညစ်တာပဲ။ ဝက်ခြံတွေကလည်း အများကြီးထွက်လို့ သမီးမှာ စိတ်ဖိစီးမှုတွေ ဖြစ်ပြီး အပြင်တောင် မထွက်နိုင်ဘူး။ သမီးနဲ့အတူတက္ကသိုလ်တက်နေကြတဲ့ သူငယ်ချင်းတွေကျတော့ သမီးလို မဖြစ်ကြဘူး မေမေရေ။ ပေါ့ပေါ့ပါးပါးပဲ။ သမီးကျမှ ဘာဖြစ်တာလဲဟင်။ ဒီနေ့ဆို သူတို့တွေ ကျောင်းသွားကုန်ကြတော့ အဆောင်မှာ သမီးတစ်ယောက်တည်းပေါ့။ လူကလည်း မအီမသာ ဖြစ်နေတော့ စာလည်း မကျက်နိုင်ဘူး။ မေမေ့ကို တမ်းတမိလို့ မက်ဆေ့ခ်ျပို့လိုက်တာပါ။ ရာသီကာလ ဖြတ်သန်းရတာကလည်း တကယ်မလွယ်ပါလား မေမေရယ်။ သမီးကို အကြံဉာဏ်လေးပေးပါဦး။

မေမေ့ရဲ့အဝေးရောက်ချစ်သမီးလေး

သမီးလေးရေ….

သမီးပို့သတဲ့မေတ္တာကြောင့် မေမေနေကောင်းပါတယ်ကွယ်။ သမီးလေးစာဖတ်ပြီး မေမေ သနားမိပါရဲ့။ အနားမှာရှိရင် မေမေကိုယ်တိုင်သမီးကို ပြုစုပေးလို့ရတာပေါ့ကွယ်။ ဒါပေမဲ့ စိတ်တော့ မပူပါဘူး။ အဝေးမှာ တက္ကသိုလ်တက်နေရတဲ့ ချစ်သမီးလေးကို မေမေ့ကိုယ်စားပြုစုစောင့်ရှောက်ပေးမယ့် နည်းလမ်းကောင်းလေးတစ်ခု မေမေရှာတွေ့ထားလို့ပါ။ မေမေစာတွေထဲမှာ ရှာဖတ်ကြည့်ထားတာတော့ မိန်းကလေးတွေ ရာသီလာခါနီး အဲ့ဒီလို ဝေဒနာတွေခံစားရတာဟာ GLA လို့ခေါ်တဲ့ အဆီအက်ဆစ်လျော့နည်းတာကြောင့် ပါတဲ့ သမီးရေ။ ဒါကြောင့် အဲ့ဒီဝေဒနာတွေသက်သာဖို့ဆိုရင် GLA အဆီအက်ဆစ်နဲ့ ဗီတာမင် E ပါဝင်တဲ့ ဆေးဝါးတွေကို မှီဝဲလို့ရပါတယ်။ မေမေတို့ခေတ်ထက် ကံကောင်းတာက ဒီနေ့ သမီးတို့ ခေတ်မှာဆိုရင် အဲ့ဒီလို ဆေးဝါးကောင်းတွေ ပေါ်ထွက်နေတာပါပဲ။

မေမေ့သူငယ်ချင်းက သူ့သမီးလေး ကို တိုက်တဲ့ Prim E ဆိုရင် ညနေခင်းပန်းအဆီအနှစ်ကနေရတဲ့ GLA အဆီအက်ဆစ်နဲ့ Vitamin E ပါတော့ အမျိုးသမီးတွေရဲ့ရာသီကာလနာကျင်ကိုက်ခဲမှုတွေကို အေးအေးဆေးဆေးဖြတ်ကျော်စေနိုင်တာ တွေ့ရတယ်။ ပြီးတော့ မိန်းကလေးတွေ ရာသီလာခါနီးအဖြစ်များတတ်တဲ့ ရင်သားတင်းတာတွေ၊ ရင်သားနာတာတွေကို သက်သာစေသလို ဝက်ခြံထွက်တာတွေကိုပါ ထိန်းချုပ်ပေးပြီး အသားအရေကိုလည်း သိသိသာသာလှပစိုပြေလာစေပါတယ်။ ဒါနဲ့ မေမေလည်း မေမေ့သမီးလေးအတွက် အစွမ်းထက်တဲ့ဆေးတစ်လက်တော့ တွေ့ပြီဆိုပြီး ဝမ်းသာအားရမှတ်လာခဲ့တော့တာ။ တစ်နေ့တစ်လုံးသောက်ရင်ပဲ သမီးအတွက် ရာသီကာလမှာ နာကျင်မှုတွေ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်ခွင့်ရမှာပါ။ ဒါဟာ သမီးလေးအတွက် မေမေပေးပို့လိုက်တဲ့ မေတ္တာတရားနဲ့အတူတူပါပဲ။ ပျော်ရွှင်ပါစေ သမီးလေးရေ။

လွမ်းနေတဲ့မေမေ

ဂန္ထဝင်စာချစ်သူပျိုမေများရဲ့ အလှအပနဲ့ကျန်းမာရေးအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Prim E မှ ပူးပေါင်းတင် ဆက်ထားပါတယ်။