အသံတွေကြောင့် စိတ်ညစ်တတ်သူတွေက အများထက်ပိုပြီး စမတ်ကျကြောင်းလေ့လာတွေ့ရှိ

0
118

          အစားစားရင် အသံမြည်အောင် စားတတ်တဲ့သူတွေ တွေ့ဖူးမှာပေါ့။ ပြီးတော့ သင်ကလည်း အဲဒီအသံတွေကြားရင် အရမ်းစိတ်အနှောင့်အယှက်ဖြစ်တဲ့အကြောင်း သူတို့ကို ပြောတယ်၊ ဒါပေမဲ့ ဘာကြောင့် ဒီလိုဖြစ်တာလဲဆိုတာ သူတို့လည်း နားမလည်ကြဘူးလေ။ တစ်ခါတလေ ရှိသေးတယ်၊ အစားအသောက်ကို မက်မက်စက်စက် စားနေရရင် အသံမျိုးစုံထွက်အောင် စားတတ်တဲ့သူတွေလေ။ တကယ် စိတ်အနှောင့်အယှက်ဖြစ်စရာကြီးပါနော်။

အစားအသောက်စားတဲ့အသံတင်မဟုတ်ပါဘူး။ ခြေဆစ်လက်ဆစ်ချိုးတဲ့အသံ၊ သွားကျိတ်တဲ့အသံ၊ ကလေးငိုတဲ့အသံ၊ နှာခေါင်းရှုံ့သံတွေကလည်း တချို့သူတွေအဖို့ စိတ်အနှောင့်အယှက်ဖြစ်စရာအသံတွေပါ။ လေ့လာချက်တွေအရ ဒီအသံတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်တတ်သူတွေက သူများတွေထက်ပိုပြီး ထက်မြက်တယ်၊ ပိုပြီး စမတ်ကျတယ်လို့ သိရပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါကြောင့် သင်က ဒီအသံတွေကို သင့်သူငယ်ချင်းတွေထက်ပိုပြီး မခံနိုင်ဖြစ်နေတယ်ဆိုရင် စိတ်မပူပါနဲ့။ ဒါဟာ သင်က သူများတွေထက်ပိုပြီး စမတ်ကျလို့ပါ။ ဒီလို အသံတွေကြားလိုက်တာနဲ လက်ရှိလုပ်နေတဲ့အလုပ်ကို အာရုံမစိုက်နိုင်တော့ဘူးဆိုတာဟာ သင်က တခြားသူတွေထက်ပိုပြီး တီထွင်ဆန်းသစ်နိုင်စွမ်း ပိုကောင်းလို့ပါ။

ဒီလို အစားစားလို့ထွက်တဲ့အသံတွေကို မုန်းတဲ့အခြေအနေမျိုးကို မီဆိုဖိုးနီးယား (misophonia) လို့ ခေါ်ပါတယ်။ ပြီးတော့ လူ ၅ယောက်မှာ ၁ ယောက်လောက်က မီဆိုဖိုးနီးယားဖြစ်နေကြပါတယ်။ ကျန်တဲ့သူတွေ သတိတောင်မထားမိတဲ့အသံတွေကို သူတို့က ပိုပြီး သတိထားမိတတ်ပါတယ်။

ဒီလိုမျိုး အသံတွေကို မုန်းတာက ရှက်စရာမဟုတ်ပါဘူး။ တကယ်တမ်းပြောရရင် ဒါဟာ သူများတွေထက်ပိုပြီး စမတ်ကျတယ်လို့ သိပ္ပံပညာရှင်တွေက ပြောခဲ့တယ်မဟုတ်လား။ ဒါကြောင့် နောက်တစ်ခါ ဒီအသံတွေကို မခံနိုင်လို့ “ပိုကိုပိုလွန်းတယ်” လို့ တစ်ယောက်ယောက်က လာပြောရင် ဒါဟာ သူများတွေထက်ပိုပြီး စမတ်ကျလို့လို့ ပြန်ပြောလိုက်ပါ။

သင်ဒီလိုအသံတွေကို မုန်းတယ်ဆိုရင် SHARE လိုက်ဦးနော်။