အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ဗီတာမင်ဓာတ်တွေကိုမှီဝဲဖို့ ဘာကြောင့်လိုအပ်တာလဲ

0
302

အသက်ကြီးလာပြီဆိုတာနဲ့ ခန္ဓာကိုယ်က သက်တမ်းရင့်ယာဉ်အိုယာဉ်ဟောင်းကြီးလို ဖြစ်လာပါတယ်။ ဟိုနားကနာလိုက်၊ ဒီနားကမကောင်းလိုက်၊ ဟိုရောဂါဖြစ်လိုက်၊ ဒီရောဂါတိုးလိုက်နဲ့ တဖြည်းဖြည်း ကျန်းမာရေးဆုတ်ယုတ်လာပါတယ်။ အဲဒါကြောင့် အသက်အရွယ်ကြီးလာပြီဆိုရင် ကျန်းမာရေးကို ဂရုစိုက်ဖို့၊ အာဟာရပြည့်ဝအောင်စားဖို့ သိပ်ကိုလိုအပ်ပါတယ်။

ဒီအကြောင်းရင်းတွေကြောင့်တင်မဟုတ်ဘဲ အောက်ပါအကြောင်းရင်းတွေကြောင့်လည်း အာဟာရပြည့်ဝဖို့ multivitamins တွေကို မှီဝဲသင့်ပါတယ်။

၁။ ဗီတာမင်တွေကနေရတဲ့ အာဟာရဓာတ်တွေကြောင့် ဇရာကိုမတွန်းလှန်နိုင်ရင်တောင် ကျန်းမာစွာရင်ဆိုင်စေနိုင်တယ်။

၂။ နှလုံးကျန်းမာရေးကောင်းစေတယ်။ အထူးသဖြင့် ဗီတာမင် B အုပ်စုဆိုရင် နှလုံးနဲ့ သွေးလည်ပတ်မှုဆိုင်ရာရောဂါတွေကို ကြိုတင်ကာကွယ်ပေးပါတယ်။

၃။ Multivitamins တွေက ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်။

၎။ အသက်ကြီးလာတာနဲ့အမျှ လျော့ကျလာတဲ့ ကိုယ်ခံစွမ်းအားကို multivitamins တွေက ပြန်လည်တိုးမြှင့်ပေးပါတယ်။

၅။ မျက်စိအမြင်အာရုံကို ကောင်းမွန်စေတယ်။ အသက်ကြီးလာတာနဲ့အမျှ အမြင်အာရုံတွေမချို့ယွင်းအောင် multivitamin တွေက ကူညီပေးနိုင်ပါတယ်။

၆။ ရေမှာပျော်ဝင်တဲ့ ဗီတာမင်တွေက ခန္ဓာကိုယ်အနှံ့စီးဆင်းပြီး အာနိသင်ပေးတာကြောင့် ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။

၇။ ဆံပင်နဲ့အရေပြားကို ကောင်းမွန်စေတယ်။ အသားအရေလျော့တွဲတာတွေ၊ ဆံပင်ကျွတ်တာတွေကို သက်သာစေပါတယ်။

၈။ Multivitamins တွေက စွမ်းအင်ကို တိုးမြှင့်ပေးတယ်၊ တစ်နေ့တာလုံး ပေါ့ပါးလန်းဆန်းပြီး စိတ်ဖိစီးမှုတွေ၊ စိုးရိမ်စိတ်တွေကို လျှော့ချပေးနိုင်ပါတယ်။

ဒါကြောင့် အသက်အရွယ်ကြီးရင့်တဲ့ လူကြီးသူမတွေအနေနဲ့ multivitamins တွေကို မှီဝဲသင့်တယ်လို့ ပြောတာပေါ့။

မကြာခင် အမေများနေ့ရောက်တော့မယ်နော်။ သင်ရော… သင့်မေမေအတွက် အမေများနေ့လက်ဆောင်ပေးဖို့ စီစဉ်ပေးပြီလား။ ကျန်းမာရေးဆိုတာ အဖိုးတန်ဆုံး လက်ဆောင်ဖြစ်တာကြောင့် သင့်မေမေ၊ သင့်ဘွားဘွားကို ကျန်းမာခြင်းလက်ဆောင် ပေးလိုက်ပါလား။ ကျွန်မကတော့ ကျွန်မမေမေအတွက် Multivitamins တွေ များစွာပါဝင်တဲ့ Nutrivita အားဆေးကို ကျန်းမာရေးလက်ဆောင်ပေးလိုက်ပြီ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းနှင့် Nutrivita အားဆေးတို့မှ ပူးပေါင်းတင်ဆက်သည်။     

Leave a Reply