အလုပ်တွေကြောင့် စိတ်ဖိစီးနေသူတိုင်းဒီနည်းလမ်းလေးတွေကိုသိထားသင့်ပါတယ်။

0
571

လုပ်ငန်းခွင်ဝင်နေရတဲ့သူတိုင်းမှာစိတ်ဖိစီးမှုတွေ အနည်းနဲ့အများရှိနေတတ်ကြပါတယ်။ အထက်လူကြီးကြောင့်၊ မပြီးပြတ်သေးတဲ့အလုပ်တွေကြောင့်၊ ထင်ထားသလို ဖြစ်မလာတာတွေကြောင့်၊ ရစ်လွန်းတဲ့ customer တွေကြောင့် စတဲ့အကြောင်းရင်းတွေကြောင့် စိတ်ဖိစီးနေရပါတယ်။ အဲဒီစိတ်ဖိစီးမှုတွေကစိတ်ရောကိုယ်ပါ ထိခိုက်စေပါတယ်။ ဒီတော့ ဒီစိတ်ဖိစီးမှုတွေကိုလျှော့ချနိုင်စေဖို့ လူတိုင်းလိုက်နာနိုင်တဲ့ နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

၁။ လုပ်ငန်းခွင်အတွင်းမှာကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ပါ။

စိတ်ကိုပေါ့ပါးစေဖို့ အတွေးအမြင်တွေကိုဖလှယ်ပါ။လုပ်ဖော်ကိုင်ဖက်တွေနဲ့ရင်းရင်းနှီးနှီးဆက်ဆံပါ။မိသားစုနဲ့ သူငယ်ချင်းတွေဆီကနေအားပေးနှစ်သိမ့်မှု ရယူပါ။

၂။ ကိုယ်လက်လေ့ကျင့်ခန်းလှုပ်ပါ။

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းကစွမ်းအင်ကိုမြှင့်တင်ပေးတယ်၊ အာရုံစူးစိုက်မှုကိုကောင်းမွန်စေတယ်။တစ်နေ့ကိုအနည်းဆုံးနာရီဝက်လောက်တော့ လေ့ကျင့်ခန်းလုပ်ပါ။စိတ်ဖိစီးမှုတွေလျှော့ချဖို့ လမ်းလျှောက်ပါ။

၃။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေစားပါ။

အချိုလျှော့စားပါ။ လန်းဆန်းတက်ကြွဖို့ Omega-3 fatty acid ဓာတ်ပါတဲ့ အစားအစာတွေစားပါ။ ကဖင်းနဲ့ နီကိုတင်းဓာတ်ကိုရှောင်နိုင်သလောက်ရှောင်ပါ။

၎။ အိပ်ရေးဝဝအိပ်ပါ။

တစ်ညကိုအိပ်ချိန် ၈နာရီကြာ အိပ်ပါ။ အိပ်ရာမဝင်ခင် တစ်နာရီလောက်အလိုကတည်းကဖုန်းတွေ၊ TVတွေ၊ ကွန်ပျူတာတွေ ပိတ်ထားပါ။ အိပ်ရေးမဝရင် စိတ်မကြည်မလင်ဖြစ်တတ်တယ် မဟုတ်လား။

၅။ အလုပ်တွေကိုသေချာစီစဉ်ပြီးဦးစားပေးရမယ့်အလုပ်တွေကိုအရင်လုပ်ပါ။

အရေးကြီးတဲ့အလုပ်တွေကိုအရင်ဆုံးပြီးအောင်လုပ်ပါ။ အရေးမပါတဲ့အလုပ်တွေ၊ မလုပ်လည်း ဖြစ်တဲ့ အလုပ်တွေကိုမေ့ထားလိုက်ပါ။ ပြီးရင် တစ်နေ့တာအတွက် နားချိန်လေးတွေပါ စီစဉ်သတ်မှတ်ထားပါ။

၆။ အကျင့်ဆိုးတွေကိုစွန့်လွှတ်လိုက်ပါ။

အရာရာတိုင်းမှာ ပြီးပြည့်စုံအောင် ကြိုးစားတတ်တဲ့အကျင့်ကိုစွန့်လွှတ်လိုက်ပါ။ ကိုယ့်ကိုယ်ကိုအကောင်းမြင်ပါ။ အရေးမပါတဲ့ကိစ္စတွေအတွက် စိတ်ဖိစီးမခံပါနဲ့။ ကိုယ်မတတ်နိုင်တဲ့ ကိစ္စတွေကိုအရမ်းကြီးမကြိုးစားဘဲလက်လွှတ်လိုက်ပါ။

၇။ ဗီတာမင် C ဓာတ်ကိုမှီဝဲပါ။

ဗီတာမင် C ဓာတ်လျော့နည်းရင်လည်းကိုယ်ခံအားကျဆင်းတာတွေ၊ စိတ်ဖိစီးတာတွေ ဖြစ်စေတတ်ပါတယ်။ ဒီတော့ ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ဗီတာမင် C ပမာဏရအောင် မှီဝဲပါ။ စားစရာတွေကနေမရယူနိုင်ဘူးဆိုရင် ဗီတာမင် C ဓာတ်ကိုအားဖြည့်ပေးတဲ့ Enervon C အားဆေးရှိပါတယ်။ Enervon C မှာတစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင် C နဲ့အခြားအာဟာရဓာတ်တွေပါဝင်တာကြောင့် အမြဲလိုလိုစိတ်ဖိစီးနေတတ်တဲ့သူတွေအတွက်တော့ အားဆေးကောင်းတစ်လက်ပါပဲ။       ဒီနည်းလေးတွေအတိုင်းလိုက်နာပြီးပျော်ရွှင်တက်ကြွတဲ့နေ့ရက်တွေနဲ့ အောင်မြင်တဲ့ အနာဂတ်ကိုပိုင်ဆိုင်နိုင်ပါစေရှင်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းနဲ့ Enervon C တို့မှ ပူးပေါင်းတင်ဆက်သည်။