အနီရောင်ဝတ်စုံဝတ်ဆင်ခြင်းက သင့်ကို ပိုပြီးဆွဲဆောင်မှုရှိစေပါတယ်

0
607

ဝတ်ဆင်တဲ့ အဝတ်အစားအရောင်ကြောင့် နဂိုထက်ပိုလှပြီး ဆွဲဆောင်မှုပိုရှိသွားနိုင်တယ်ဆိုတာ သင်သိပါသလား။

အနီရောင်ကို ဝတ်ဆင်ခြင်းက အမျိုးသားတွေကိုရော၊ အမျိုးသမီးတွေကိုပါ ဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်နိုင်မှု ပိုမိုမြင့်တက်လာစေနိုင်တယ်လို့ လေ့လာချက်တစ်ခုအရ သိရှိရပါတယ်။

အမျိုးသားတွေ အင်္ကျီအနီရောင် ဝတ်တဲ့အခါ အနီရောင်က မြင်ရတဲ့အမျိုးသမီးတွေရဲ့ ဦးနှောက်ကို ပိုပြီး အချက်ပြစေနိုင်ပါတယ်။ အမျိုးသမီးတွေ အနီရောင်ဝတ်တဲ့အခါမှာလည်း မြင်ရတဲ့အမျိုးသားတွေရဲ့ အာရုံကို ပိုပြီးဖမ်းစားထားနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုမှာတော့ အနီရောင်ဝတ်ထားတဲ့ အမျိုးသားကို မြင်ရတဲ့အခါ အမျိုးသမီးတွေမှာ ပိုမိုခင်မင်ရင်းနှီးချင်စိတ်၊ ငွေရေးကြေးရေးအရ မှီခိုလိုစိတ်တွေ ပိုမိုဖြစ်ပေါ်လာတယ်။ အဲဒီကနေတဆင့် ပိုပြီး ဆွဲဆောင်မှုရှိသွားတယ်လို့ သိရပါတယ်။

အနီရောင်ဝတ်ထားတဲ့အခါမှာ အမျိုးသားရော၊ အမျိုးသမီးတွေရောက ပိုပြီး ဆွဲဆောင်မှုရှိသလို ထင်ရတဲ့အပြင် ပိုပြီး ရဲရင့်ပြတ်သားတဲ့ပုံ၊ ပိုပြီး သတ္တိရှိတဲ့ပုံလည်း ပေါက်စေပါတယ်။ ဒါ့အပြင် လိုချင်မက်မောစိတ်ကိုလည်း ပိုပြီးဖြစ်ပေါ်စေတာကို တွေ့ရပါတယ်။

သင်ရော ဘယ်အရောင်ကို အများဆုံး ဝတ်ဖြစ်လဲ။ ဖြေသွားခဲ့ပါဦးနော်။