အဓိပ္ပာယ်ရှိပြီး မြင့်မြတ်တဲ့ဘဝကိုပိုင်ဆိုင်နိုင်စေဖို့ ဆန့်ကျင်တိုက်ထုတ်ရမယ့် အကျင့်ဆိုးလေးများ

0
369

၁။ သူများတွေရဲ့ အားသာမှု၊ အောင်မြင်မှုတွေကို မနာလိုမရှုဆိတ်ဖြစ်နေတတ်တဲ့ အကျင့်ဆိုး။

၂။ ပတ်ဝန်းကျင်က ဖြစ်သမျှ၊ လုပ်သမျှ၊ ပြောသမျှကို ကိုယ်နဲ့သက်ဆိုင်တယ်လို့ ထင်နေတတ်တဲ့ အကျင့်ဆိုး။

၃။ ကိုယ့်ကိုယ်ကို အားနွဲ့သူ၊ ဒုက္ခရောက်နေသူလို့ အမြဲမှတ်ယူထားတတ်ပြီး စိတ်ပျက်ညည်းညူနေတတ်တဲ့ အကျင့်ဆိုး။

၎။ နာကျင်မှုတွေ၊ ဆုံးရှုံးမှုတွေကို ဆုပ်ကိုင်ဖက်တွယ်ထားတတ်တဲ့ အကျင့်ဆိုး။

၅။ အရာရာကို မကောင်းမြင်ပြီး အပျက်သဘောဆောင်တဲ့အတွေးတွေ တွေးလွန်းတဲ့ အကျင့်ဆိုး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ ခံစားချက်တွေကို ထိန်းချုပ်နိုင်စွမ်းမရှိဘဲ စိတ်ထဲရှိတဲ့အတိုင်း လျင်မြန်စွာ တုံ့ပြန်တတ်တဲ့ အကျင့်ဆိုး။

၇။ အရာရာကို သေသေချာချာ မဆန်းစစ်ဘဲ အမြင်နဲ့တင် တစ်ဖက်သတ်ဝေဖန်ပြောဆိုစွပ်စွဲတတ်တဲ့ အကျင့်ဆိုး။

၈။ ကိုယ်ချင်းစာတရား၊ ညှာတာကြင်နာမှုမရှိဘဲ သူတစ်ပါးကို နစ်နာအောင် လုပ်တတ်တဲ့ အကျင့်ဆိုး။

၉။ ကိစ္စကြီးကြီးသေးသေး လိမ်ညာပြောဆိုတတ်တဲ့ အကျင့်ဆိုး။

၁ဝ။ အရှိကိုအရှိအတိုင်းမနေဘဲ အမှန်တရားတွေကို ဖုံးကွယ်ထားတတ်တဲ့ အကျင့်ဆိုး။

၁၁။ ကိုယ့်ရဲ့ တန်ဖိုးကို လူတွေသိအောင် အမြဲတမ်းအနိုင်ယူပြီး ထုတ်ဖော်ကြွားဝါနေတတ်တဲ့ အကျင့်ဆိုး။

၁၂။ ပြီးပြည့်စုံမှုကို အလွန်အမင်းမက်မောနေတတ်ပြီး ကိုယ်ပိုင်ဆိုင်ထားတာတွေနဲ့ မရောင့်ရဲတတ်တဲ့ အကျင့်ဆိုး။

တကယ်လို့ သင့်မှာ ဒီလိုအကျင့်ဆိုးလေးတွေ တစ်ခုတလေဖြစ်ဖြစ် ရှိနေတယ်ဆိုရင် ဒါဟာ သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သိထားပါ။ ဘာလို့လဲဆိုတော့ လူတိုင်းနီးပါးမှာ ဒီလိုအကျင့်ဆိုးလေးတွေ အနည်းနဲ့အများရှိနေတတ်ကြလို့ပါ။ တကယ်လို့ ရှိနေတယ်ဆိုရင်လည်း အကျင့်ဆိုးလေးတွေကို တိုက်ခိုက်ဆန့်ကျင်ဖယ်ထုတ်ပြီး ကောင်းမွန်တဲ့ဘဝကို တက်လှမ်းနိုင်ဖို့ အချိန်တွေ ရှိနေပါသေးတယ်။ ဒါကြောင့် အချိန်မီလေး ဆောင်သင့်တာဆောင်၊ ရှောင်သင့်တာရှောင်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝကို ရယူလိုက်ပါနော်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။