အဆက်အသွယ်မလုပ်ဘဲထားတဲ့ချစ်သူကို ဆက်စောင့်ရမှာလား။ မေ့ပစ်ပြီး ဘဝကိုရှေ့ဆက်ရမှာလား။

0
419

ကျွန်မနဲ့ ကျွန်မချစ်သူက လိုင်းပေါ်မှာတွေ့ပြီး ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ သူက ကျွန်မထက် လေးငါးနှစ်လောက်ကြီးပါတယ်။ ကျွန်မတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ အစပိုင်းမှာတော့ အဆင်ပြေပါတယ်။ နေ့တိုင်းဖုန်းပြောကြ၊ လိုင်းပေါ်မှာတွေ့ကြသလို တစ်ခါတလေလည်း အပြင်မှာတွေ့ကြပါတယ်။ သူကအစပိုင်းမှာတော့ ကျွန်မကို အရမ်းကို ဂရုစိုက်ပါတယ်။ ကျွန်မနဲ့ပတ်သက်တဲ့အရာတွေကို စိတ်ဝင်စားသလို သူနဲ့ပတ်သက်သမျှတွေ ကျွန်မကိုအသိပေးပါတယ်။ သူ့ဆီမှာရည်းစားတစ်ယောက်ရှိခဲ့ဖူးတဲ့အကြောင်း၊ သူ့ရဲ့မိသားစုဝင်တွေအကြောင်း၊ အလုပ်အကိုင်အကြောင်းအားလုံးပြောပြပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်း သူက ကျွန်မကို အဆက်အသွယ်မလုပ်တော့ပါဘူး။ ကျွန်မပို့တဲ့စာတွေကို seen ပြပေမယ့် reply မပြန်တော့ပါဘူး။ သူနဲ့ပတ်သက်တဲ့သူတွေဆီကနေ သူ့အကြောင်းမေးကြည့်တော့လည်း ရည်းစားဟောင်းအစ်မကြီးနဲ့ ဆက်သွယ်နေတယ်ကြားပါတယ်။ ကျွန်မကသူ့ကို အရင်ရည်းစားနဲ့ တွဲနေတယ်ဆိုရင် ကျွန်မကို ဖြတ်ဖို့ပြောပါတယ်။ အဲဒါလည်း သူက ဘာမှပြန်မပြောပါဘူး။ ကျွန်မကို မချစ်တော့ရင် ဘလော့ပစ်ပါလို့ပြောတော့လည်း မဘလော့ပါဘူး။ ကျွန်မတင်တဲ့ post တွေကို like လုပ်ပေမယ့် comment တော့မရေးပါဘူး။ ကျွန်မနဲ့ရိုက်ထားတဲ့ပုံကိုလည်း profile picture ထားထားဆဲပါပဲ။

ကျွန်မလေ သူ့ကိုအရမ်းချစ်တယ်ဆိုတာ ဘယ်အချိန်မှာ မေးမေးလုံးဝသေချာပါတယ်။ သူ့ကိုလက်မလွတ်ချင်တဲ့စိတ်နဲ့ ကျွန်မကိုကစားနေတာလားဆိုတဲ့ စိတ်နှစ်ခုကြားမှာလည်း အရမ်းကိုရင်ပူရပါတယ်။ သူ့ကိုကျွန်မစပြီးဘလော့ပစ်ဖို့ကြတော့လည်း စိတ်ကမပြတ်သားနိုင်ပါဘူး။ ကျွန်မဘာလုပ်သင့်လဲ…..