အချစ်ဥပဒေများ

0
533

၁။ ယုံကြည်မှုပြိုပျက်သွားတာနဲ့ အချစ်အိမ်လေးဟာ ချက်ခြင်းယိမ်းယိုင်လာမှာဖြစ်တာကြောင့် ချစ်သူနှစ်ဦးကြားမှာ ယုံကြည်မှုကို အုတ်မြစ်အဖြစ်ချထားပါ။

၂။ ချစ်သူနှစ်ဦးအမြဲတမ်း တတွဲတွဲနေတာက အချိန်ကြာလာတဲ့အခါ ငြီးငွေ့သွားပြီး အချစ်ရေးတွေ အေးစက်သွားတတ်ပါတယ်။ ဒါကြောင့် တစ်ခါတလေမှာ သူငယ်ချင်းတွေအတွက် အချိန်ပေးတာ၊ ကိုယ်ပိုင်အချိန်လေးတွေထားတာ စတာတွေကို ပြုလုပ်ပါ။

၃။ လူနှစ်ယောက်ကြားမှာ အမြဲတမ်း သဘောထားတွေတိုက်ဆိုင်နေမယ်ဆိုတာမရှိပါဘူး။ သဘောထားတွေ ကွဲလွဲတဲ့အခါ အမြင်မတူမှုတွေကို လက်ခံနိုင်အောင် ကြိုးစားပြီး နှစ်ယောက်လုံးအတွက် အဆင်ပြေမယ့် နည်းလမ်းကို အတူတူစဉ်းစားပါ။

၎။ ချစ်သူအများစုဟာ လက်ထပ်ပြီးတဲ့အခါပိုပြီးတော့ နီးစပ်လာလိမ့်မယ်၊ ကလေးတွေရလာတဲ့အခါ နှစ်ယောက်ကြားက ကြိုးတွေခိုင်မြဲလာလိမ့်မယ်လို့ ယူဆတတ်ကြပါတယ်။ အိမ်ယာတစ်ခုတည်ထောင်လိုက်တဲ့အခါ အခက်အခဲပြဿနာတွေ ပေါင်းစုံဝင်လာတတ်တဲ့အပြင် မိဘကောင်းဖြစ်အောင်ကြိုးစားရင်း ချစ်သူနှစ်ယောက်ကြားက နွေးထွေးခြင်းတွေ အေးစက်တတ်ပါတယ်။ ဒါကြောင့် ကြုံလာတဲ့အခက်အခဲတွေကို နှစ်ယောက်အတူတူဖြေရှင်းရင်း အချစ်တွေကို နွေးထွေးအောင်ထားပါ။

၅။ ချစ်သူအများစုဟာ အစပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်ကအပျောက်မခံနိုင်ဘဲ ချစ်တတ်ကြပေမယ့် အချိန်ကြာလာတဲ့အခါ ရင်ခုန်သံတွေက တည်ငြိမ်လာတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ တစ်ယောက်နဲ့တစ်ယောက်နားလည်ပေးပြီး အချစ်ရေးကတောက်ကဆတွေကို လျော့ချပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ လက်ထပ်ပြီးသား ဇနီးမာင်နှံတွေပဲဖြစ်ဖြစ် ချစ်သူစုံတွဲတွေမှာပဲဖြစ်ဖြစ် တစ်ခါတလေမှာ ချစ်သူဘေးနားမှာရှိနေတာတောင် အထီးကျန်ခံစားနေရသလို၊ မိမိကိုနားလည်မပေးနိုင်သလို၊ ဂရုမစိုက်သလို ခံစားရတတ်ပါတယ်။ လူတိုင်းအဲ့ဒီလိုခံစားရတတ်တယ်ဆိုတာ သဘာဝဖြစ်တာကြောင့် ဒီလိုခံစားမှုတွေအတွက် ချစ်သူကို အပြစ်ခြင်းကို ရှောင်ရှားပါ။

၇။ အပျော်ရွှင်ရဆုံး စုံတွဲတွေတောင်မှ တစ်ခါတရံမှာ တစ်ယောက်တည်းရှိနေတဲ့အချိန်မှာ  “ငါသူ့ကိုရွေးချယ်ခဲ့တာ မှန်ရဲ့လား” ဆိုတဲ့ အတွေးတွေ ဝင်တတ်ပါတယ်။ အဲဒီလိုအတွေးတွေဟာ စိတ်ရဲ့ ခြောက်လှန့်မှုတစ်ခုသာဖြစ်တာကြောင့် ချစ်သူကို ဖွင့်မပြောဖြစ်အောင် ထိန်းသိမ်းထားပါ။

၈။ တစ်ခါတရံမှာ ကိုယ်စီကိုယ်စီဘဝတွေမှာ ရုန်းကန်ရင်း တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်ပြတ်တောက်နေတတ်ပါတယ်။ အဲဒီအခါမျိုးမှာ “မချစ်တော့တာလား” ဆိုတဲ့ အတွေးမျိုးတွေကို မောင်းထုတ်ထားပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးပါ။

၉။ လူတိုင်းမှာမတူညီတဲ့ အတွေးတွေ၊ခံစားချက်တွေရှိနေတာကြောင့် တစ်ခါတလေမှာ ချစ်သူနှစ်ဦးကြားမှာ ရန်ဖြစ်ငြင်းခုံမှုတွေ ကြုံတွေ့ရမှာပါ။ တစ်ယောက်ကိုတစ်ယောက် နာကျင်မိတဲ့အခါတွေမှာ “တောင်းပန်စကားဆိုတတ်ဖို့” “ အာဃာတတွေကို ဆုပ်ကိုင်မထားဘဲ ခွင့်လွှတ်ပေးဖို့” လိုတယ်ဆိုတာကိုလည်း သတိရပါ။

၁ဝ။ ချစ်သူကို ချစ်ကြောင်းပြသဖို့အတွက် ချစ်တယ်ဆိုတဲ့ စကားလေးတစ်လုံးတည်းနဲ့ ဖော်ပြလို့မရနိုင်ပါဘူး။ ချစ်သူကို ဂရုစိုက်တာ၊  နားလည်မှုတည်ဆောက်ဖို့ စတဲ့အလုပ်ပေါင်းများစွာနဲ့ သက်သေပြရတဲ့အရာတစ်ခုပါ။ ဒါကြောင့်ချစ်သူရဲ့ စိတ်ခံစားမှုတိုင်းကို နားလည်နိုင်အောင် ကြိုးစားပြီး တစ်ယောက်ကိုတစ်ယောက်စိတ်ချမ်းသာအောင်ထားလိုက်ခြင်းအားဖြင့်  အချစ်ရေးကို မြဲမြံနေအောင် တည်ဆောက်ထားပါ။

သိစေချင်တဲ့ သင့်ချစ်သူကို mention ခေါ်လိုက်ပါဦး။