အချစ်ဆိုတာ “စစ်” လား။

0
106

ချစ်ဖူးပြီလား။

ချစ်နေပြီလား။

အခုမှချစ်ဖို့အစပြုနေတာလား။

အချစ်ဆိုတဲ့စကားလုံးကို လူတိုင်းသိပေမဲ့ အချစ်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုတော့ အခုအ ချိန်အထိ တိကျရေရာတဲ့စကားလုံးတွေနဲ့ဖော်ပြနိုင်ခြင်း မရှိသေးပါဘူး။ ဒါဟာ တစ်ယောက်နဲ့ တစ်ယောက် ဖြတ်သန်းရတဲ့ချစ်ခြင်းပုံစံချင်း မတူညီတာကြောင့်လည်း ပါပါတယ်။

ပျော်ရွှင်တဲ့အချစ်ကို ပိုင်ဆိုင်ထားသူတွေအတွက်တော့ အချစ်က “ အနှစ်” ဖြစ်ပြီး မပျော်ရွှင် စရာ အချစ်ရေးကို ပိုင်ဆိုင်ထားရသူတွေအတွက်တော့ အချစ်က “စစ်” ဖြစ်နေမှာပါပဲ။ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ပျော်ရွှင်မှုရှိတဲ့အချစ်ရေးဆိုတာ အပြန်အလှန်ပေးအပ်ကြတဲ့ အချစ်၊ နားလည်မှု၊ ယုံကြည်မှု တွေနဲ့ တည်ဆောက်ထားပြီး အစစအရာရာလည်း အဆင်ပြေတဲ့အချစ်ရေးကို ရည်ညွှန်းတာပါ။

မပျော်ရွှင်ရတဲ့အချစ်ရေးဆိုတာကတော့ အချစ်ရှိပေမဲ့ နားလည်မှုတွေ၊ တစ်ယောက်နဲ့တစ် ယောက် ယုံကြည်မှုတွေအားနည်းပြီး သစ္စာတရားတွေစောင့်ထိန်းမှုမရှိတဲ့အချစ်ရေးကို ခေါ်တာပါ။

တကယ်ဆိုရင် ရေစက်ပါလို့မှ ချစ်မိကြသူချင်းကြားမှာ အဲ့ဒီအချစ်ကို ခိုင်မြဲစေတဲ့ နားလည်မှု၊ ဂရုစိုက်မှု၊ ယုံကြည်မှုနဲ့ သစ္စာတရားတွေ အမြဲရှိနေအောင်ကြိုးစားကြမယ်ဆိုရင် အချစ်ကလည်း “စစ်” ဖြစ်စရာမလိုဘဲ ရင်ခုန်သံအသစ်အသစ်တွေနဲ့ အမြဲငြိမ်းချမ်းနေရမှာပါ။ ဒါကြောင့် အချစ်ဆိုတာ “စစ်” လားလို့ဆိုရင် ကာယကံရှင်ချစ်သူနှစ်ဦးအပေါ်မှာသာ မူတည်ပါတယ်လို့။

ကဲ… အချစ်က “စစ်” မဖြစ်ချင်တဲ့သူလေးတွေလည်း အသည်းတစ်ခြမ်းကို mention လေး ခေါ်လိုက်ကြပါဦးနော်။