သံပရာသီး၊ သံပရိုသီးတို့ရဲ့ ဘေးထွက်ဆိုးကျိုးများ

0
170
Lemon

           ဆေးနည်းတော်တော်များများနဲ့ ကျန်းမာရေးဆိုင်ရာ နည်းလမ်းတွေထဲမှာ သံပရာသီးနဲ့ သံပရိုသီးကို ဆေးဖက်ဝင်အသီးအဖြစ် တွေ့ရပါတယ်။ တကယ်လည်း နည်းလမ်းပေါင်းစုံနဲ့ ဆေးဖက်ဝင်တဲ့အသီးပါ။ ဒါပေမဲ့ “တန်ဆေး၊ လွန်ဘေး” ဆိုတဲ့အတိုင်း များများစားမိရင် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဘယ်လိုဘေးထွက်ဆိုးကျိုးလဲဆိုတာ ကြည့်ကြည့်ရအောင်။

၁။ သွားအပေါ်ယံကြွေလွှာတွေကို ပျက်စီးစေတယ်။

သံပရိုရည်မှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်တွေက သောက်ပါများရင် သွားအပေါ်ယံကြွေလွှာတွေကို ပျက်စီးစေပါတယ်။ အထူးသဖြင့် သံပရိုရည်၊ သံပရာရည် နေ့တိုင်းသောက်ပြီး ဝိတ်ချတဲ့သူတွေမှာ သွားတွေပိုပြီးပျက်စီးတတ်ပါတယ်။

၂။  သွားဖုံးနဲ့ ပါးစောင်က အပူနာတွေကို ပိုဆိုးစေတယ်။

သွားဖုံးနဲ့ ပါးစောင်မှာ အပူနာလေးတွေဖြစ်နေပြီဆိုရင် သံပရာသီး၊ သံပရိုသီးရှောင်ပါ။ သူတို့မှာပါတဲ့ အက်ဆစ်ဓာတ်က အနာကို ပိုဆိုးပြီး ပိုနာစေပါတယ်။ အဲဒီအပူနာလေးတွေပျောက်ပြီဆိုမှ အချဉ်တွေစားပါ။

၃။ ရင်ပူ့ခြင်းနဲ့ အစာအိမ်အချဉ်ပေါက်ခြင်းကို ပိုဆိုးစေတယ်။

ရင်တွေပူနေလို့ သံပရာရည်အေးအေးလေး မသောက်လိုက်ပါနဲ့။ သံပရာရည်က ပိုပြီးတော့ ရင်ပူစေပါတယ်။ ပြီးတော့ အစာအိမ်အချဉ်ပေါက်ခြင်းကိုလည်း ပိုပြီး ဆိုးရွားစေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အခန့်မသင့်ရင် ပျို့အန်စေပါတယ်။

သံပရိုသီး၊ သံပရာသီးတွေမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပါတယ်။ ဗီတာမင် C ဓာတ်ကို များပြားစွာမှီဝဲမိရင် ပျို့အန်စေပါတယ်။ ဒါကြောင့် သံပရာသီးများများစားရင် ပျို့အန်စေပါတယ်။

၅။ ဆီးခဏခဏသွားစေတယ်။

သံပရာရည် (အထူးသဖြင့် ရေနွေးနဲ့ဖျော်ထားတဲ့ သံပုရာရည်) က diuretic acid အဖြစ်ပြောင်းသွားပြီး ဆီးခဏခဏသွားစေပါတယ်။ ဆီးသွားများလွန်းရင် ရေဓာတ်ဆုံးရှုံးတာတွေ ဖြစ်စေနိုင်ပါတယ်။

၆။ သွေးတွင်းမှာ သံဓာတ်ပါဝင်မှုလွန်ကဲစေတယ်။

ဗီတာမင် C က သံဓာတ်စုပ်ယူမှုကို မြှင့်တင်ပေးပါတယ်။ ဗီတာမင် C ဓာတ်များများပါတဲ့ သံပရာသီးများများစားရင် သွေးတွင်းသံဓာတ်ပမာဏက ရှိသင့်တာထက်ပိုများပြီး ကိုယ်ခန္ဓာကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

၇။ ခေါင်းကိုက်စေတယ်။

ချဉ်တဲ့အသီးတွေမှာပါဝင်တဲ့ စစ်ထရပ်ဓာတ်တွေက ခေါင်းကိုက်ခြင်း၊ ခေါင်းအုံခြင်းဝေဒနာတွေကို ပိုဆိုးရွားစေပါတယ်။

၈။ နေရောင်ခြည်ကြောင့် နေလောင်ဒဏ်တွေပိုဖြစ်စေတယ်။

မယုံရင် သင့်လက်တစ်ဖက်ကို သံပရာသီးနဲ့ပွတ်ပြီး နေရောင်ထဲမှာ နေကြည့်ပါ။ သံပရာသီးပွတ်ထားတဲ့လက်က တခြားလက်ထက် ပိုနေလောင်ပြီး ပိုမည်းနေတာကို တွေ့ရပါလိမ့်မယ်။

နိဂုံးချုပ်ပြောရရင် သံပရာသီးက ဆေးဖက်ဝင်တာမှန်ပေမဲ့ အဓိကက အရေအတွက်ပါပဲ။ အရေအတွက်များရင် အပေါ်မှာ ဖော်ပြထားသလို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သံပရာသီး၊ သံပရိုသီးနဲ့ ရှောက်သီးတို့ကို သင့်တော်တဲ့ပမာဏအတိုင်း မှီဝဲပါလို့ အကြံပေးတိုက်တွန်းလိုက်ပါရစေရှင်။

အချဉ်ကြိုက်တဲ့ သူငယ်ချင်းတွေကို mention ခေါ်ပြီး သတိပေးလိုက်ပါဦးနော်။