သားဦးလေးကို ကိုယ်ဝန်ဆောင်ထားရတဲ့ ညီမလေးထံသို့ အိတ်ဖွင့်ပေးစာ

0
528

ညီမလေးရေ….

ပထမဦးဆုံးကိုယ်ဝန်စလွယ်ထားရပြီဆိုတော့ ရင်ခုန်စိတ်လှုပ်ရှားနေတယ်ဟုတ်။  မိခင်ဖြစ်တော့မယ့် ခံစားမှုက ပျော်ရွှင်စရာကောင်းသလို မွေးဖွားလာမယ့် ကလေးလေးအတွက် ပြင်ဆင်စရာလေးတွေကလည်း များလှပါတယ်။  ညီမလေး ကြိုတင်ပြင်ဆင်ထားရမယ့် အရာလေးတွေကတော့…

  • ကိုယ်ဝန်စဆောင်ပြီဆိုတာနဲ့ ကိုယ်ဝန်ကို သားဖွားမီးယပ်ဆရာဝန်နဲ့ အပ်နှံပြီး ပုံမှန်စစ်ဆေးမှုတွေ ပြုလုပ်ထားပါ။ ဒါမှသာ မိခင်နဲ့ ကလေးနှစ်ဦးစလုံးရဲ့ ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရမှာပေါ့။ ညီမလေးအနေနဲ့ ခံစားရတဲ့ ပြောင်းလဲမှုတွေ၊ လက္ခဏာတွေအားလုံးကို ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးပါ။
  • ညီမလေးရဲ့ အဖွား၊ အဒေါ်၊ အမေ တွေကို သူတို့ ကိုယ်ဝန်ဆောင်တုန်းကနဲ့ ကလေးမွေးဖွားစဉ်တုန်းက သာမန်မဟုတ်တဲ့ အခြေအနေတွေ၊ မျိုးရိုးလိုက်တတ်တဲ့ မွေးဖွားခြင်းဆိုင်ရာ ရောဂါတွေရှိမရှိမေးမြန်းထားပါ။ မွေးဖွားခြင်းနဲ့ဆိုင်တဲ့ မိသားစုရာဇဝင်ကို ကိုယ်အပ်ထားတဲ့ ဆရာဝန်ကိုလည်း သိအောင်ပြောပြထားပြီး လိုအပ်တဲ့ပြင်ဆင်မှုတွေကို ကြိုတင်ပြုလုပ်ထားပါ။
  • ကိုယ်ဝန်ဆောင်ကာလမှာ မိခင်နဲ့ကလေးအတွက် လိုအပ်တဲ့ ကာကွယ်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အပြည့်ထိုးပါ။ ရိုးရိုးမွေးခြင်းနဲ့ ခွဲမွေးခြင်းရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိအောင်လုပ်ထားပြီး လိုအပ်တာလေးတွေကို ကြိုတင်ပြင်ဆင်ထားပါ။
  • ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ဖြစ်တတ်သော စိတ်အပြောင်းအလဲတွေ၊ ခန္ဓာကိုယ်အပြောင်းအလဲတွေအကြောင်းတွေကို သိရှိအောင် တစ်ချို့ဆေးရုံတွေမှာ ပို့ချပေးနေတဲ့ Monthly Antenatal Class များကို ပုံမှန်တက်ရောက်လေ့လာပါ။ မွေးဖွားမယ့် ရက်ကိုလည်း သေချာတွက်ချက်ပြီး သိအောင်လုပ်ထားပါ။
  • ကိုယ်ဝန်ဆောင်တွေအနေနဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ခြင်းဟာ မွေးဖွားရ လွယ်ကူစေပြီး မိခင်နဲ့ ကလေးကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ဒါကြောင့် သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေကို နေ့စဉ်လုပ်ပေးပါ။
  • တချို့အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ အစာအရမ်းရှောင်ကြတယ်။ တကယ်တော့ ကဖိန်းဓာတ်၊ အယ်လ်ကိုဟော ပါဝင်တဲ့စားသောက်ကုန်တွေ၊ အသင့်စားအစာတွေ၊ တာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာတွေကလွဲပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားတာက သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကို ကူညီပေးနိုင်ပါတယ်။
  • ကလေးမွေးဖွားတဲ့အချိန်မှာ လိုအပ်တဲ့ အဝတ်အစားတွေ၊ စောင်တွေ၊ ရာသီဥတုအပေါ်မူတည်ပြီး အနွေးထည်တွေ၊ ပစ္စည်းတွေကို ကြိုတင်စီစဉ်ထားပါ။ ကလေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်တာဟာ ဝမ်းထဲမှာရှိတဲ့ကလေးနဲ့ နွေးထွေးတဲ့ဆက်ဆံရေး တည်ဆောက်နိုင်စေပါတယ်။
  • ကလေးငယ်ကို ပြုစုတဲ့နည်းတွေ၊ နို့ချိုတိုက်ကျွေးတဲ့ နည်းလမ်းတွေ၊ ကိုယ်ဝန်ဆောင်ကာလမှာ သိသင့်သိအပ်တဲ့အရာတွေကို စနည်းနာထားပါ။

ညီမလေးရေ….

အရေးအကြီးဆုံးအချက်ကတော့ ညီမလေးရဲ့ ပထမဦးဆုံးကလေးလေးကို ဘယ်မှာ မွေးမလဲဆိုတဲ့ အချက်လေးပါပဲ။ ဘယ်လိုဆေးရုံ၊ ဆေးခန်းတွေမှာ မွေးမယ်၊ အစိုးရ ဒါမှမဟုတ် ပုဂ္ဂလိက ဆေးရုံတွေမှာမွေးမယ် စတာတွေကို စဉ်းစားထားဖို့လိုသလို ငွေရေးကြေးရေးအခြေအနေတွေကို ချိန်ဆထားဖို့လိုပါတယ်။

ညီမလေး ကလေးမွေးဖွားတဲ့နေရာဟာ ဘယ်အချိန်မှာပဲ မွေးဖွားမွေးဖွား ညီမလေးနဲ့ ညီမလေးရဲ့ကလေးအတွက် လုံးဝစိတ်ချယုံကြည်ရတဲ့ နေရာဖြစ်ပါစေ။

အရေးပေါ်အခြေနေတွေအတွက် သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးတွေ၊ မေ့ဆေးဆရာဝန်ကြီးတွေ၊ ကျွမ်းကျင်သူနာပြုတွေ အချိန်ပြည့်ရှိနေတဲ့ဆေးရုံတွေကိုသာ အလေးပေး စဉ်းစားစေချင်ပါတယ်။ ညီမလေး ကလေးမွေးဖွားပြီး ကောင်းကောင်းအနားယူနိုင်ဖို့ စိမ်းလန်းစိုပြေတဲ့ သဘာဝပတ်ဝန်းကျင်၊ ဆေးရုံရဲ့ သန့်ရှင်းသပ်ရပ်မှုတို့အပြင် ဘေဘီလေးကို ပြုစုစောင့်ရှောက်မယ့် ဆရာမတွေကလည်း နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ Midwives (သားဖွားဆရာမ) တွေ ဖြစ်နေရင် ပိုကောင်းပါတယ်။ ဒါကြောင့် ညီမလေးအနေနဲ့ ကလေးမွေးဖွားမယ့် ဆေးရုံကို သေချာပြင်ဆင်ရွေးချယ်ထားဖို့လိုပါတယ်။

အစ်မသိသလောက်ပြောရရင် ပန်းလှိုင်စီလုံဆေးရုံ တစ်ခုတည်းမှာသာ လူနာကုသပြီး အချိန်ပြည့်ဆရာဝန်ကြီး (၈ဝ) ကျော် ခန့်ထားတဲ့ ပန်းလှိုင်စီလုံဆေးရုံမှာဆိုရင် ရွေးစရာများတဲ့ ကလေးမွေးဖွားခြင်း အစီအစဉ်တွေရှိလို့ ကိုယ်နဲ့ အဆင်ပြေ သင့်တော်တဲ့ Package တွေကို ကြိုတင်ရွေးချယ်ထားလို့ရသလို ကိုယ်ဝန်ဆောင်တွေ ဖြစ်တတ်တဲ့ အရေးပေါ် အခြေအနေတွေ အတွက်လဲ အချိန်ပြည့် (Full Time) ဆရာဝန်ကြီးတွေ ရှိနေလို့ ရေမွှာစောပေါက်တာတို့ Due Date မတိုင်ခင် ဗိုက်နာတာတို့တွေ ဖြစ်လာခဲ့ရင် ဆရာဝန်ကြီးတွေ အမြဲအသင့်ရှိနေလို့ ညီမလေးနဲ့ ဘေဘီလေးအတွက် စိတ်ချရတယ်။

ညီမလေးရဲ့ ကလေးလေးအတွက် အဆင်ပြေဆုံးနဲ့ လုံခြုံမှုအပေးနိုင်ဆုံး ဆေးရုံတစ်ခုကို မှန်ကန်စွာ ရွေးချယ်နိုင်ပါစေ ညီမလေး။ ညီမလေးတစ်ယောက် ကျန်းမာပျော်ရွှင်တဲ့ ပထမဦးဆုံး ကိုယ်ဝန်ဆောင်ကာလကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

ကိုယ်ဝန်ဆောင်မိခင်လောင်းများ ကျန်းမာရေးဗဟုသုတရရှိစေဖို့ ယခုစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ ပန်းလှိုင်စီလုံဆေးရုံတို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးထားတာဖြစ်ပါတယ်ရှင်။

Leave a Reply