သဘာဝအတိုင်း နီရဲလှပနေတဲ့ နှုတ်ခမ်းလေးတွေရဲ့ နောက်ကွယ်မှာ

0
104

မြင်သူတိုင်းက မေးကြတယ်။ ကျွန်မရဲ့ နှုတ်ခမ်းလေးတွေ နှုတ်ခမ်းနီမဆိုးဘဲ နီရဲလှပနေတာ ဘာကြောင့်လဲတဲ့။ ဒီလိုလှပနေတဲ့ နှုတ်ခမ်းလေးတွေ ပိုင်ဆိုင်ဖို့ ငွေကုန်ကြေးကျဘယ်လောက်များ စိုက်ထုတ်ထားပြီး လုပ်ထားတာလဲတဲ့။ ကျွန်မအလှဆုံးပြုံးပြလိုက်တယ်။ ကျွန်မရဲ့နှုတ်ခမ်းလေးတွေ သဘာဝအတိုင်းနီရဲလှပနေတာ ကျွန်မလုပ်နေတဲ့ အလေ့အကျင့်လေးတွေရှိတယ်ဆိုတာကို လူတိုင်းကို ဘယ်ပြောပြပါ့မလဲ။ ဂန္ထဝင်စာချစ်သူလေးတွေကိုတော့ တိုးတိုးလေးပြောပြမယ်။ ကျွန်မရဲ့ သဘာဝအတိုင်းနီရဲလှပနေတဲ့ နှုတ်ခမ်းလေးတွေရဲ့ နောက်ကွယ်မှာ ဘာရှိလဲဆိုတော့…

ကျွန်မရဲ့ နှုတ်ခမ်းလေးတွေ ရေဓာတ်အပြည့်အဝရဖို့အတွက် ကျွန်မရေများများများသောက်တယ်။

နှုတ်ခမ်းလေးတွေ ပြည့်ပြည့်လေးဖြစ်နေစေဖို့အတွက် သလဲသီးစေ့နဲ့ နွားနို့ကို ကြိတ်ပြီးတစ်ပတ်တစ်ခါ နှုတ်ခမ်းလေးတွေကို ပေါင်းတင်ပေးတယ်။

နှုတ်ခမ်းပေါ်က ဆဲလ်သေတွေကို သံလွင်ဆီလေးပွတ်ပြီး နူးညံ့တဲ့ ဘရတ်ရှ်လေးနဲ့ အသာအယာဖယ်ရှားပေးတယ်။

နှုတ်ခမ်းနီဆိုးတဲ့ ရက်တွေမှာ နှုတ်ခမ်းနီတွေကို သေချာဖယ်ရှားပြီးမှ အိပ်ယာဝင်တယ်။

နှုတ်ခမ်းရဲ့ အလှတရားကို ပျက်စီးစေမယ့် ဆေးလိပ်သောက်တာ၊ ကွမ်းယာစားတာ စတဲ့ အကျင့်ဆိုးတွေကို ရှောင်ကြဉ်တယ်။

ပြီးတော့…။

သန့်ရှင်းလတ်ဆတ်တဲ့ သစ်သီး၊သစ်ရွက်တွေ၊ ဟင်းသီးဟင်းရွက်တွေကို စားသုံးတယ်။

အသင့်စားအစားတွေ၊ ပူလွန်း၊ အေးလွန်းတဲ့အစားအစာတွေကို ရှောင်ကြဉ်တယ်။

အနီရောင် အသားတွေကို စားသုံးတယ်။

နှုတ်ခမ်းရဲ့ အလှအပတစ်ခုတည်းတင်မကဘဲ ကျန်းမာရေးအတွက်ပါ အထောက်အကူပြုနိုင်တဲ့ သံဓာတ်ကို ဂရုတစိုက်နဲ့ဖြည့်တင်းတယ်။

ဂန္ထဝင်စာချစ်သူပျိုမေတို့ရေ…

မိန်းကလေးဆိုတာ အလှကြိုက်တာ သဘာဝပါ။ နှုတ်ခမ်းနီမကူဘဲ သဘာဝအတိုင်း ရွှန်းစိုလှပနေတဲ့ နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်ဖို့ဆိုတာကလည်း အမျိုးသမီးတိုင်းရဲ့ အိပ်မက်ပါ။ နှုတ်ခမ်းနီတွေ၊ မိတ်ကပ်တွေအောက်မှာ လှပကျန်းမာတဲ့ မျက်နှာနဲ့ နှုတ်ခမ်းတွေရှိနေမှပဲ ကြာရှည်ခံတဲ့အလှတရားကို ပိုင်ဆိုင်နိုင်မှာ မဟုတ်လား။ ဒါ့ကြောင့် အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ အလှတရားအတွက် အလေ့အကျင့်တွေကို မွေးမြူဖို့လိုသလို သံဓာတ်ကိုလည်း ဂရုတစိုက်ဖြည့်တင်းဖို့ လိုပါတယ်နော်။ သံဓာတ်ပါတဲ့ အားတိုးဆေးတွေကို သောက်သုံးခြင်းအားဖြင့် အသားအရေစိုပြည်လှပစေတဲ့အပြင် သွေးအားနည်းခြင်းကြောင့်ဖြစ်တတ်တဲ့ အသားအရေဖြူဖျော့ခြင်း၊ တက်ကြွမှုမရှိခြင်း၊ မောပန်းနွမ်းနယ်ခြင်းတွေကို လျော့ပါးစေပြီး ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။

သြော်… မေ့လို့ ကျွန်မရဲ့ နှုတ်ခမ်းလေးလို သဘာဝအတိုင်း နီရဲလှပတဲ့ နှုတ်ခမ်းလေးကိုလည်း ပိုင်ဆိုင်နိုင်မှာပေါ့။ နောက်ထပ်လျှို့ဝှက်ချက်တစ်ခုကို ပြောရမယ်ဆိုရင်တော့ အထာကျကျနဲ့ သဘာဝအလှတွေပြည့်နေတဲ့ ကျွန်မနှုတ်ခမ်းလေးတွေ နောက်ကွယ်မှာ Ferropac သံဓာတ်အားဆေးရှိပါတယ်လို့။ နီရဲလှပတဲ့ သဘာဝနှုတ်ခမ်းလေးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် Ferropac ကို တစ်နေ့တစ်လုံးသောက်ဖို့ မမေ့ပါနဲ့လို့။

စာချစ်သူတို့ရဲ့ ဗဟုသုတအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Ferropac တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်။

Leave a Reply