လူသားတွေက ဦးနှောက်ကို လွှမ်းမိုးနိုင်တယ်ဆိုတာကို သက်သေပြနေတဲ့ ဥပမာများ

0
37

ဦးနှောက်ဆိုတာ လူ့ခန္ဓာကိုယ်က အထူးဆန်းဆုံး၊ မှော်အဆန်ဆုံး အင်္ဂါတစ်ခုဖြစ်ပါတယ်။ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ခေတ်အဆက်ဆက်က သိပ္ပံပညာရှင်တွေ လက်ဆင့်ကမ်းလေ့လာခဲ့တာတောင်မှ ထူးဆန်းတဲ့ လျှို့ဝှက်ချက်တွေ အများကြီးရှိပါသေးတယ်။

၁။ စာဖတ်ခြင်းက ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းတွေကို တိုးမြင့်စေပါတယ်။ စာအုပ်ဖတ်နေတဲ့အချိန်မှာ အာရုံစိုက်ဖို့နဲ့ မှတ်သားနိုင်ဖို့ သွေးတွေက ဦးနှောက်ထဲကို များများဝင်လာပြီး သွေးလည်ပတ်မှုကောင်းအောင် ဆောင်ရွက်ပေးပါတယ်။ ဒါပေမဲ့ TV ကြည့်ချိန်၊ game ဆော့ချိန်တွေမှာတော့ ဒီလိုအကျိုးကျေးဇူးကို မရနိုင်ပါဘူး။

၂။ ပန်းချီဆွဲခြင်းက ဦးနှောက်လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ဦးနှောက်ကို နုပျိုစေပြီး လန်းဆန်းစေပါတယ်။

၃။ ၁၅ဝဝ မေတ္တာကြောင့် ဖြစ်လာတဲ့ချစ်ခြင်းက ဦးနှောက်အတွင်းက စိုးရိမ်ပူပန်တဲ့အတွေးတွေ၊ ကြောက်စိတ်တွေကို လျှော့ချပေးပြီး စိတ်ကျေနပ်မွေ့လျော်မှုတွေကို တိုးမြင့်စေပါတယ်။ ၅၂၈ မေတ္တာကြောင့် ဖြစ်ပေါ်လာတဲ့ချစ်ခြင်းကတော့ နှစ်သက်မြတ်နိုးမှုနဲ့ အနစ်နာခံနိုင်မှုတွေကို တိုးမြင့်စေပါတယ်။

၎။ ကိုယ်ဝန်ဆောင်တဲ့အခါမှာ ဦးနှောက်အတွင်းက gray matter ပမာဏကို လျော့ကျစေပြီး မိတ်ဆွေတွေကို ရုတ်တရက်မမှတ်မိတာ၊ လူတစ်ယောက်ကို အကဲခတ်နိုင်စွမ်းတွေ လျော့ကျတာမျိုး ဖြစ်တတ်ပါတယ်။

၅။ အချိုဓာတ်လွန်ကဲစွာ စားသုံးခြင်းက ဦးနှောက်လုပ်ဆောင်မှုတွေကို လျော့ကျစေပြီး သင်ယူနိုင်စွမ်း၊ မှတ်သားနိုင်စွမ်းနဲ့ အာရုံစိုက်နိုင်စွမ်းတွေကို လျော့ကျစေပါတယ်။ ဒါဟာ ပိုလျှံနေတဲ့သကြားဓာတ်တွေက အာရုံကြောဆက်နွှယ်မှုတွေကို ပျက်စီးစေလို့ဖြစ်ပါတယ်။

၆။ ဦးနှောက်မှာ ရေဓာတ်လုံလုံလောက်လောက်မရှိဘူးဆိုရင် ရေတိုမှတ်ဉာဏ်ပျောက်ဆုံးခြင်းနဲ့ အလိုအလျောက်သိမြင်မှတ်သားဉာဏ်တွေကို ဆိုးဝါးစေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ ချစ်စိတ်၊ မုန်းစိတ်တွေက ဦးနှောက်ရဲ့ ဆင်ခြင်သုံးသပ်နိုင်စွမ်းကို လျော့ကျစေပါတယ်။

၈။ အမြဲလိုလို စိတ်ဖိစီးခြင်းက ဦးနှောက်ရဲ့ ထိန်းချုပ်နိုင်စွမ်း၊ သင်ယူလေ့လာနိုင်စွမ်းကို လျော့ကျစေပါတယ်။

၉။ ကာလရှည်ကြာ အိပ်ရေးပျက်ခြင်းက မှတ်ဉာဏ်စွမ်းကို ထိခိုက်စေပြီး အယ်လ်ဇိုင်းမားရောဂါဖြစ်စေနိုင်ပါတယ်။

မှတ်သားစရာ တစ်ခုခုရလိုက်တယ်ဆိုရင် SHARE လိုက်ပါ။

Leave a Reply