လိမ္မော်သီးတစ်လုံးထက်တောင် ဗီတာမင် C ပိုကြွယ်ဝတဲ့အစားအစာများ

0
155

စာချစ်သူတို့ရေ…

လူတစ်ယောက်ရဲ့ကျန်းမာစွာအသက်ရှင်နေထိုင်မှုအတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ် တွေထဲမှာ ဗီတာမင် C ဓာတ်လည်း ပါဝင်နေပါတယ်။ အများစုက အဲ့ဒီဓာတ်ရရှိဖို့ လိမ္မော်သီးစားပေး ကြပါတယ်။ လိမ္မော်ရည်သောက်ကြပါတယ်။ တကယ်တော့ လူတိုင်းနဲ့လက်လှမ်းမီတဲ့ တခြားသော အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာလည်း လိမ္မော်သီးထက်တောင် ဗီတာမင် C ဓာတ်ပိုကြွယ်ဝ တဲ့ အစား အစာတွေ ရှိနေပါသေးတယ်။ ဂန္ထဝင်စာချစ်သူများကို ကျန်းမာရေးနဲ့ညီညွှတ်ပြီး ပျော်ရွှင်တဲ့ နေ့ရက်များကို ပိုင်ဆိုင်စေချင်တာကြောင့် အဲ့ဒီအစားအစာလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။  ဘာတွေလဲဆိုရင်…

၁။ ငရုတ်သီးစိမ်း

၂။ စတော်ဘယ်ရီသီး

၃။ ငရုတ်ပွ

၎။ နာနတ်သီး

၅။ ကိုက်လန်

၆။ သရက်သီး

၇။ ပန်းဂေါ်ဖီစိမ်း

၈။ ကီဝီသီး

၉။ သင်္ဘောသီး

တို့ပါပဲ။ အများစုက ရာသီမရွေး၊ နေရာမရွေး ရရှိနိုင်တဲ့အစားအစာတွေဖြစ်သလို တချို့တွေ ကိုတော့ ရာသီအလိုက်စားသုံးပေးသွားလို့ရပါတယ်။ အားလုံးက အရသာရှိပြီး လူကြိုက်များတဲ့ အစားအစာတွေမို့ စာချစ်သူတို့အတွက်လည်း နေ့စဉ်မှီဝဲသွားဖို့ အဆင်ပြေလှပါတယ်။ ဒါ့အပြင် ပိုအဆင်ပြေချင်ရင်တော့ ဗီတာမင် C ဓာတ်ကို အပြည့်အဝဖြည့်တင်းပေးမယ့် ViCee ရှိပါသေးတယ်။ ဆေးသောက်သလို မဟုတ်ဘဲ ချိုချဉ်ငုံသလိုမျိုးလေး တစ်နေ့တစ်ပြားငုံပေးရုံနဲ့ တန်ဖိုးရှိလှတဲ့ ဗီတာမင် C ဓာတ်ကို ရရှိစေမယ့် ViCee ပါ။ အချိန်မကုန်၊ အလုပ်မရှုပ်ဘဲ မိသားစုရဲ့ ဗီတာမင် C ဓာတ်ကို နေ့စဉ်ဖြည့်တင်းပေးသွားမှာမို့ အိမ်မှာဆောင်ထားကြဖို့ မမေ့ပါနဲ့နော်။

စာချစ်သူများကျန်းမာရေးဗဟုသုတရစေဖို့ ယခုဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ ViCee တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။