ရုတ်တရက်ချန်ထားခဲ့တဲ့ ချစ်သူကို မေ့ပစ်ရမလား။ ဆက်စောင့်ရမလား။

0
276
Beautiful asian woman.. Smiling beautiful asian woman relaxing in the morning

ကျွန်တော် နဲ့ ကျွန်တော့် ချစ်သူဟာ အခြေအနေ တွေ အရမ်းကွားခြားပါတယ်။ သူက အသိုင်းအဝိုင်းကြီးပြီး ချမ်းသာတဲ့ မိသားစုထဲကပါ။ ကျွန်တော်က သာမန် လူတန်းစားမိသားစုကပါ။ ကျွန်တော်တို့နှစ်ယောက်က online မှာ တွေ့ပြီးချစ်သူတွေဖြစ်ခဲ့ကြတာပါ။ ကျွန်တော်တို့ချစ်သူသက်တမ်း သုံးနှစ်ကာလအတွင်းမှာ ကြီးကြီးမားမားရန်ဖြစ်တာ တစ်ခါမှ မရှိခဲ့ပါဘူး။ သူနဲ့ကျွန်တော် သူ့ကို အပြင်မှာ တစ်ခါမှ မတွေ့ဖူးပေမယ့် နှစ်ယောက်သားဆက်ဆံရေးက ပြေပြေလည်လည်ရှိပါတယ်။

ကျွန်တော်တို့ video call ပြောကြသလို တစ်ခါတလေမှာ  စိတ်ကူးပေါက်ရင် ပေါက်သလို ညလုံးပေါက် ဖုန်းပြောဖြစ်တဲ့ အခါတွေလည်း ရှိတယ်။ ကျွန်တော်သူ့ကို တွေ့ဖို့ တောင်းဆိုတိုင်း ကျွန်တော်ဖြစ်ချင်တာကို မဖြည့်ဆည်းပေးနိုင်လို့ ဆိုပြီး ငိုပါတယ်။ သူငိုတော့ သူ့ကိုသနားပြီး နားလည်ပေးရပြန်တယ်။ ဒီလိုနဲ့ သူငို ရင်ကိုယ်ချော့ ကိုယ်ငိုရင် သူနှစ်သိပ်ပေးရင်း အချိန်ကာလသုံးနှစ်ကို ကျော်ဖြတ်ခဲ့ရပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တစ်နေ့မှာ သူက နိုင်ငံခြားကိုကျောင်းသွားတက်မယ်လို့ပြောပါတယ်။ သူမသွားခင်မှာ သူ့အိမ်က သူ့အတွက် နှုတ်ဆက်ပွဲလေးလုပ်မယ်လို့ ပြောတယ်။ အဲ့ဒီပွဲပီးရင် ကျွန်တော့်ဆီကို သူလာတွေ့မယ် ကတိပေးထားခဲ့တယ်။ တကယ်တော့ အဲဒီပွဲက သူ့အိမ်က သူမသိအောင် စီစဉ်ထားတဲ့ စေ့စပ်ပွဲဖြစ်နေခဲ့တယ်တဲ့။ သူ့ဆီက ကျွန်တော် နောက်ဆုံး ရလိုက်တဲ့ message က ကျွန်တော်တို့ကို အဆက်အသွယ်ပြတ်သွားစေခဲ့တယ်။ သူမသိလိုက်ဘဲ သူ့ကို စေ့စပ်ပေးမလို့ လုပ်တဲ့ ပွဲဖြစ်နေတာကို  သိသိချင်း မိဘအတွက်လည်း သမီးကောင်းမဖြစ်ရမဲ့အတူတူ သူချစ်တဲ့ကျွန်တော်နဲ့ မနီးရတဲ့ အတူတူ သူမချစ်တဲ့လူရဲ့ ရင်ခွင်ထဲတော့ အရောက်မခံဘူးဆိုပြီး သူအိမ်ကဆင်းသွားခဲ့တယ်။ ကျွန်တော်ကိုလည်း အဆက်အသွယ်ဖြတ်ပြီး ကျောင်းတက်ဖို့ ထွက်သွားခဲ့တယ်။

သူ့မောင် ပြောပြတာတော့ သူ့ဖုန်းထားခဲ့တယ်တဲ့။  အဲ့အချိန်တုန်းက ကျွန်တော့် ခေါ်လိုက်ရင်ကျွန်တော် သူ့ဆီကို ချက်ချင်းရောက်လာမယ် ဆိုတာ သိပေမဲ့ သူ့မိဘ အသိုင်းအဝိုင်းရဲ့ ထိခိုက်နစ်နာ စေမှု့တွေ ကျွန်တော့်အပေါ် ရောက်လာမှာ စိုးလို့ မခေါ်ခဲ့တာ ပါ ဆိုပီး ပြောပြတယ်။ ကျွန်တော် သူပြန်အလာကို စောင့်ရမလား သူပြန်ရော လာနိုင်ပါ့မလား။ ပြန်လာခဲ့ရင်ရော ကျွန်တော်တို့ ဆုံတွေ့ခွင့်ရော ရှိနိုင်ပါ့မလား။

ကျွန်တော်သူနဲ့ လူချင်းမတွေ့ဖူးပေမယ့် သုံးနှစ်တာ ကာလအတွင်းမှာ နေ့နေ့ ညည အမြဲတမ်းစကားတွေ ပြောလာခဲ့တာ ရှေ့ရေးအတွက် တိုင်ပင်ခဲ့ကြတာ နှစ်ယောက်အတူတူ အိမ်မက်တွေ မက်ခဲ့ကြတာ၊ အရာရာတိုင်းမှာ ခံစားချက် ထပ်တူ ကျခဲ့တာတွေ ကြောင့် သူ့ကို သံယောဇဉ်ဖြစ်နေမိတယ်။ အရမ်းလည်း ချစ်တယ်။ လူချင်းမတွေ့ရတာက လွဲလို့ သူ့ရဲ့နွေးထွေးမှုတွေလည်း ကျွန်တော်ရခဲ့တယ်။ ကျွန်တော်သူ့အပေါ် မမြင်ကွယ်ရာ ဆိုပေမဲ့ သစ္စာစောင့်သိပါတယ်။

ကျွန်တော့်ကိုအကြောင်းမကြားဘဲ ထွက်သွားတဲ့အတွက်လည်း နာကျည်းမိတယ်။ ချစ်လည်းချစ်တယ်။

ကျွန်တော်ဘာလုပ်ရမလဲဟင်….။