မျက်စိပိတ်ထားပါ။ နားပိတ်ထားပါ။ ပါးစပ်ပိတ်ထားပါ။ ဘာလို့လဲဆိုတော့…

0
324

အပူအပင် ကင်းကင်းနဲ့ ဘဝမှာ နေပျော်ချင်ရင်…

လူတိုင်းရဲ့ အပြစ်အနာအဆာတွေကို မကြည့်မိအောင် မျက်စိပိတ်ထားပါ။

လူတွေလာလာပြောတဲ့ အဆိုးမြင်စကားတွေကို မကြားမိအောင် နားပိတ်ထားပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကြင်နာမှုကင်းတဲ့ အပျက်သဘောဆောင်စကားတွေ မပြောမိအောင် ပါးစပ်ပိတ်ထားပါ။

ပြီးတော့…

လူတိုင်းရဲ့ ကောင်းကွက်တွေကို မမြင်မြင်အောင် ရှာဖွေပြီး ကြည့်ပါ။

သူတစ်ပါးကို ထိခိုက်စေတဲ့ အတင်းအဖျင်းစကားတွေ၊ ဝေဖန်ပုတ်ခတ်တဲ့စကားတွေကို ဝေးဝေးရှောင်ပါ။

တစ်ဖက်သားကို စိတ်ခွန်အားဖြစ်စေပြီး ပျော်ရွှင်စေတဲ့ ပျားသကာလို ချစ်သောချိုသော စကားကိုပဲပြောပါ။

ရတနာလို အဖိုးတန်တဲ့ စိတ်နှလုံးကို ပိုင်ဆိုင်ထားသူတွေက သူတစ်ပါးကို ကောင်းကျိုးတွေကိုသာ ဆောင်ကြဉ်းပေးပါတယ်။

သဘောကျနှစ်သက်ရင် SHARE လိုက်ပါ။