မိန်းမတွေအကြောင်းသင်ဘယ်လောက်သိလဲခန့်မှန်းချင်ရင် ဒါလေးဖြေကြည့်ပါ။

0
68

          ယောက်ျားသားတစ်ယောက်ဟာ ပင်လယ်ကိုခရီးထွက်ရာကနေ မုန်တိုင်းမိပြီး အမည်မသိကျွန်းတစ်ကျွန်းကို မေ့မျောရောက်ရှိသွားခဲ့တယ်။ အဲ့ဒီကျွန်းမှာ ယောက်ျားသားလုံးဝမရှိဘဲ အမျိုးသမီးတွေချည်းပဲ နေထိုင်ကြပါတယ်။ ဒါနဲ့ သူသတိရလာချိန်မှာ တဲလေးတစ်လုံးထဲမှာ ရောက်နေပြီး ခြေတွေလက်တွေကို ကြိုးတုပ်ခံထားရတဲ့အဖြစ်ကို သိရတယ်။ အပြင်ဘက်ကို ချောင်းကြည့်လိုက်တော့ အမျိုးသမီးတွေဟာ တစ်ဦးတည်းသော ယောက်ျားသားသူစိမ်းဖြစ်တဲ့ သူ့ကို သတ်ဖို့ ပြင်ဆင်နေကြပါတယ်။

ပြင်ဆင်ပြီးသွားတော့ ကျွန်းသူအမျိုးသမီးတွေက သူ့ကိုအပြင်ခေါ်ထုတ်လာပြီး အခွင့်အရေး တစ်ခုပေးတယ်။

“ ကဲ… ကိုလူစိမ်း။ ရှင့်ကိုမသတ်ခင် နောက်ဆုံးအနေနဲ့ စကားတစ်ခွန်းပြောခွင့်ပေးမယ်။ ပြော ပေတော့”

ဒါနဲ့ သူက စကားတစ်ခွန်းပြောလိုက်ပါတယ်။ အဲ့ဒီစကားကြားတာနဲ့ အမျိုးသမီးတွေဟာ သူ့ကို မသတ်တော့ဘဲ သူ့အတွက်လုံလောက်တဲ့ စားနပ်ရိက္ခာ၊ သောက်ရေတို့နဲ့အတူ လှေတစ်စင်ပေါ် တင် ပြီး အိမ်ကိုပြန်ပို့ပေးလိုက်ကြတော့တယ်။

သူပြောလိုက်တဲ့စကားက ဘာများပါလိမ့်နော်။ Comment box မှာ ရေးခဲ့ကြည့်ပါလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။