မိန်းမတစ်ယောက်ရဲ့ အလှဆုံးအချိန်ဆိုတာ

0
166

လူတချို့က မိန်းမတစ်ယောက်ရဲ့ အလှဆုံးအချိန်ဟာ ခေါင်းလျှော်ပြီးစ အချိန်လို့ပြောကြတယ်…

တချို့ကတော့ မိန်းကလေးတစ်ယောက်ဟာ မျက်နှာသစ်ပြီးစ အချိန်မှာ အလှဆုံးတဲ့။

ခေါင်းလျှော်ပြီးစ အချိန်မှာ မိန်းကလေးတစ်ယောက်အလှဆုံးဖြစ်နိုင်သလို၊

မျက်နှာသစ်ပြီးချိန်မှာ မိန်းကလေးတစ်ယောက်အတောက်ပဆုံးအချိန်ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အညစ်အကြေးတွေကို ဖယ်ရှားပြီး ပကတိအလှနဲ့ လှနေတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်သူမှမမှီနိုင်လို့ပါပဲ။ အဲဒီလိုပဲ မိန်းကလေးတစ်ယောက်ဟာ အတိတ်က အနာတရတွေကို ဖယ်ရှားသန့်စင်ပြစ်လိုက်တဲ့အချိန်၊ ကျရှုံးမှုတွေ၊ နာကျည်းမှုတွေကို မေ့ပြီး ပကတိအပြုံးနဲ့ ပြုံးလာနိုင်တဲ့အချိန်ဟာ အလှပဆုံးအချိန်တွေပါပဲ။

ထိုနည်းတူစွာပဲ…

မိန်းမတစ်ယောက်ဘဝမှာ ဂုဏ်ယူဖို့အကောင်းဆုံးအချိန်က

ကိုယ်လိုအပ်တဲ့အရာတွေကို ကိုယ်ပိုင်ဝင်ငွေနဲ့ ဝယ်နိုင်တဲ့အချိန်။

ကိုယ့်လိုအပ်ချက်တွေကို ကိုယ်ကိုယ်တိုင်ရဲ့ အားနဲ့ အကောင်းဆုံး ဖြည့်ဆည်းနိုင်တဲ့အချိန်

မိန်းမတစ်ယောက်ဘဝမှာ အပျော်ရွှင်ရဆုံးအချိန်က နာကျင်ခြင်းတွေကိုမေ့ပြီး အလှပဆုံးပြုံးပြနိုင်တဲ့အချိန်။

မိန်းမတစ်ယောက်ဘဝမှာ အပြီးပြည့်စုံအချိန်က

ကိုယ့်ပတ်ဝန်းကျင်ကို နိုင်သလောက်အားနဲ့ ဖြည့်စွက်ပေးနိုင်တဲ့အချိန်။

မိန်းမတစ်ယောက်ဘဝမှာ

မျက်ရည်တွေရှိမယ်

နာကျင်ခြင်းတွေ

ထိုးနှက်မှုတွေ

သွေးတိုးစမ်းတာတွေ မျိုးစုံကြုံရမယ်။

ဒါပေမဲ့ မိန်းမဆိုတဲ့အမျိုးက

ဖိအားတွေနဲ့ ပိုလှပလာတဲ့ စိန်ပွင့်လေးနဲ့တူတယ်လေ။

အသည်းကွဲခြင်းကိုကျော်လွန်ပြီး

ပြန်တည်ဆောက်ပြီးတဲ့အခါ

အရင်ကနဲ့မတူတဲ့အားတွေရှိလာတတ်တယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကျရှုံးမှုတွေကြုံရတဲ့ မိန်းမသားတစ်ယောက်ဟာ အားမာန်တစ်မျိုးနဲ့ ရဲရင့်လာတတ်ကြတယ်။

လူတွေကတော့ မိန်းမသားတစ်ယောက်ရဲ့ အလှနဲ့ ပတ်သက်ပြီး အမျိုးမျိုးဖွင့်ဆိုကြလိမ့်မယ်။

မိန်းမတစ်ယောက်အလှဆုံးအချိန်ဆိုတာလေ

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့

ကိုယ့်ကိုယ်ကို စချစ်တဲ့အချိန်မှာ ဖြစ်ပေါ်တယ်လေ . . .

သင်ကော… အလှဆုံးဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီလား။