မလှပတဲ့အချစ်ရေးမှာ လှလှပပရှုံးနိမ့်နေကြတဲ့ မိန်းမသားတို့ရဲ့နောက်ကွယ်က အကြောင်းတရားများ

0
197

၁။ သူက ကျွန်မအတွက် အရာရာတိုင်းဖြစ်နေလို့ပါ။

၂။ သူက ကမ္ဘာပေါ်မှာ ကျွန်မကို အဆွဲဆောင်ထားနိုင်ဆုံးသူဖြစ်နေလို့ပါ။

၃။ ဘယ်အရာက ကျွန်မအတွက် ပိုကောင်းမယ်ဆိုတာ ကျွန်မ မဆုံးဖြတ်တတ်တော့လို့ပါ။

၎။ သူက ကျွန်မကို ကြောက်လန့်အောင် ခြိမ်းခြောက်ချုပ်ကိုင်ထားလို့ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ သူ့ကို ကျွန်မသိပ်ချစ်တယ်။ သူ့ကြောင့်နာကျင်နေရတာထက် သူမရှိဘဲ ကျွန်မတစ်ယောက်တည်း ဘဝကို ရှေ့ဆက်လျှောက်ရမှာ ပိုကြောက်လို့ပါ။

၆။ တစ်နေ့နေ့မှာ ကျွန်မအချစ်တွေကို သူတန်ဖိုးထားတတ်လာပြီး ပြောင်းလဲသွားလိမ့်မယ်လို့ မျှော် လင့်နေလို့ပါ။

မိန်းမသားတို့ရေ… တကယ်တော့ အချစ်ဆိုတာ နှလုံးသားက ဖြစ်ပေါ်လာတဲ့ နူးညံ့သိမ်မွေ့တဲ့ ခံစားချက်တစ်ခုပါ။ တစ်ဖက်နဲ့တစ်ဖက် အကောင်းဆုံးတွေ၊ ပျော်ရွှင်မှုတွေပေးချင်တဲ့စိတ်စေတနာကို အခြေခံတာက အချစ်ပါပဲ။ ဒီလိုမဟုတ်ဘဲ လိုတာထက်ပိုပြီး နာကျင်စရာတွေကိုချည်း တောက် လျှောက် တစ်ဖက်သတ်ခံယူနေရမယ်ဆိုရင် အဲ့ဒါဟာ အချစ်မဟုတ်တော့ပါဘူး။  ဘဝကို နစ်မွန်းစေ တဲ့၊ စိတ်အနာတရဖြစ်စေတဲ့ အဆိုးဝါးဆုံးအချစ်ရေးအခြေအနေကို ခါးစည်းခံနေတာက ကိုယ့်ဘဝကို ထိ ခိုက်နစ်နာစေပါတယ်။ ဒါကြောင့် အဲ့ဒီလိုအချစ်ရေးမျိုးနဲ့များ ကြုံလာခဲ့ရင် တစ်ခဏတာနာကျင် ရမယ်ဆိုရင်တောင် ရေရှည်မှာ ဖြစ်သင့်တာကိုတွေးပြီး အချိန်မီရုန်းထွက်ဖို့ ကြိုးစားသင့်ပါတယ်လို့ အကြံပြုလိုက်ပါတယ် မိန်းမသားတို့ရေ…။

စာစောင်လေးဖတ်ပြီး ရင်ဖွင့်စရာလေးတွေရှိရင်လည်း comment box မှာ ရေးခဲ့ပါနော်။