၂ဝ၁၈ ၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (မတ်လ ၁၂-ရက်နေ့မှ မတ် ၁၈-ရက်နေ့အထိ)

0
393
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကြားမှာ ဒွိဟဖြစ်စရာလေးတွေများနေတဲ့ ကာလဖြစ်ပါတယ်။ စိတ်မ လောပါနဲ့။ အရေးကြီးတဲ့ဘဝအရေးတွေမှာ နားလည်တတ်ကျွမ်းတဲ့လူကြီးသူမတွေနဲ့ အရင်တိုင်ပင်ပြီး မှ ဆုံးဖြတ်ပါ။  ရေလမ်းခရီးကို ရှောင်ပါ။ အချစ်ရေးမှာ နားလည်ပေးနိုင်သူနဲ့ တွေ့ဆုံတတ်တယ်။

ယတြာ။         ။ မွေးရက်မှာ ခိုစာကျွေးပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

        အောင်မြင်မှုတွေဆက်တိုက်နဲ့ ပျော်စရာဖြစ်နေမယ့်ကာလ ဖြစ်ပါတယ်။ ကြိုးစားသမျှတိုင်း အ ရာထင်နေပြီး အလုပ်အကိုင်အတွက် အခွင့်အလမ်းကောင်းတွေလည်း ပေါ်နေမယ်။ အလုပ်တွေ ဆက် နေတာကြောင့် စိတ်ပန်းလူပန်းဖြစ်နေပေမဲ့ အခွင့်အရေးတွေကို လက်လွှတ်မခံပါနဲ့။ အချစ်ရေးနေမြဲ အတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁)ရက်အတွင်း မွေးဖွားသူများ

ရည်မှန်းချက်ပန်းတိုင်နဲ့အနီးဆုံးကို ရောက်ရှိနေပြီဖြစ်တဲ့ ကာလဖြစ်ပါတယ်။ ကြိုးစားမှုတွေကို နောက်မဆုတ်ပါနဲ့။ အောင်မြင်မှုတွေက စောင့်ကြိုနေပြီမို့ အလုပ်ကို ခွန်အားနှစ်ဆထည့်ပြီး ကြိုးစား လိုက်ပါ။ အချစ်ရေးမှာ ကြားစကားတွေကြောင့် အထင်လွဲစရာလေးတွေ ဖြစ်နေမယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ။         ။ မွေးရက်မှာ ငှက် ၉ ကောင်လွှတ်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

        ဝင်ငွေနဲ့ ထွက်ငွေမမျှတနေတာကြောင့် အတန်ငယ်စိတ်မောလူမော ဖြစ်နေရမယ့် ကာလပါ။ လူမှုရေးကိစ္စတွေများနေတာကြောင့် ငွေကုန်ကြေးကျများနေမယ်။ လှူဒါန်းစရာတွေပေါ်မယ်။ ဆွေမျိုး ထဲက မင်္ဂလာကိစ္စနဲ့ခရီးထွက်ရမယ်။ မိတ်ဆွေသစ်တွေတိုးမယ့်ခရီးဖြစ်ပါတယ်။ အချစ်ရေးမှာ စိတ် ရှည်သဘောကောင်းသူနဲ့ ဆုံတတ်တယ်။

ယတြာ။         ။ မွေးနံထောင့်မှာ သပြေပန်းလှူပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

        ကွဲကွာနေတာကြာပြီဖြစ်တဲ့ သူငယ်ချင်းဟောင်းတွေနဲ့ ပြန်ဆုံတွေ့ရတတ်တယ်။ သင့်အတွက် ကံကောင်းခြင်းတွေသယ်ဆောင်လာတဲ့ကာလလည်းဖြစ်ပါတယ်။ နေအိမ်သစ်ပြုပြင်ရမယ်။ ရည်မှန်း ထားတာလေးတွေပြည့်မြောက်အောင် ကူညီမယ့်သူတွေတွေ့မယ်။ အချစ်ရေးမှာ အပြောင်းအလဲ မရှိ သေးပါ။

ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်းတစ်ယောက်ကို မုန့်ကျွေးပါ။

၆။ ကန်ရာသီဖွား (Virgo )  
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်းမွေးဖွားသူများ

မမျှော်လင့်ဘဲ ငွေကြေးတွေအစုလိုက်၊ အပြုံလိုက် ထွက်ကိန်းရှိနေတာမို့ လောင်းကစား ကိစ္စ တွေ ဝေးဝေးရှောင်ပါ။ အပေါင်းအသင်းဂရုစိုက်ပါ။ ငွေလိမ်ခံရတတ်ပါတယ်။ မိသားစုအတွင်း ပျော်စရာ သတင်းကောင်းတွေကြားရမယ်။ စက်ပစ္စည်းအသစ်ဝင်မယ်။ အချစ်ရေးမှာ အဝေးရောက်နေသူနဲ့ တွေ့ တတ်တယ်။

ယတြာ။         ။ မွေးရက်မှာ ပရဟိတတစ်ခုခုလုပ်ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

        အလုပ်မှာ စိတ်ဖိစီးစရာလေးတွေ များနေမယ်။ ကြိုးစားသလောက် အလုပ်မတွင်သလို ခံစား နေရတာကြောင့် အားမလိုအားမရဖြစ်နေမယ်။ စိတ်ဓာတ်မကျပါနဲ့။ မကြာခင်မှာ သင့်အခက်အခဲတွေ အားလုံး အဆင်ပြေသွားမှာပါ။ အချစ်ရေးမှာ အသက်ကြီးသူနဲ့ ဆုံတွေ့တတ်တယ်။

ယတြာ။         ။ မွေးရက်မှာ လူကြီးသူမတွေကို ဆေးဝါးကန်တော့ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

        ဖြစ်ချင်နေတာကတခြား၊ ဖြစ်နေတာက တခြားကြောင့် ဘာဆက်လုပ်ရမှန်းမသိသလို ဖြစ်နေ တတ်တယ်။ ဒါပေမဲ့ လုပ်စရာရှိတာတွေကိုသာ ပုံမှန်ဆက်လုပ်သွားပါ။ ကူညီလုပ်ကိုင်ပေးမယ့် မိတ် ဆွေသစ်တွေနဲ့ ဆုံတတ်ပါတယ်။ ငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။ အချစ်ရေးမှာ ထူးခြားမှု မရှိသေးပါ။

ယတြာ။         ။ မွေးရက်မှာ နာမကျန်းသူကို ဆေးဝါးဒါနပြုပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

အချိန်အတော်ကြာအောင် ဖြေရှင်းယူနေရတဲ့ပြဿနာတစ်ချို့ မမျှော်လင့်ဘဲ လွယ်လွယ်ကူကူ အဆင်ပြေသွားတတ်တယ်။ ကြွေးဟောင်းတွေ ပြန်ရမယ်။ အလှူအတန်းတွေ ဆက်တိုက်လုပ်ရမယ်။ မိဘအကြီးအကဲ ကျန်းမာရေးဂရုစိုက်ပါ။ အချစ်ရေးမှာ ပျော်စရာလေးတွေဖြစ်နေမယ်။

ယတြာ။         ။ မွေးရက်မှာ သတ်သက်လွတ်စားပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

        မနာလိုသူတွေရဲ့ကြားဝင်သွေးထိုးစကားတွေကြောင့် ချစ်ခင်သူတွေနဲ့သင့်ကြားမှာ အထင်လွဲ စရာလေးတွေ ဖြစ်ပေါ်တတ်တယ်။ စကားအပြောအဆို ဆင်ခြင်ပါ။ ငွေအချေးအငှားကိစ္စသတိပြုပါ။ အမုန်းပွားစရာတွေ မလုပ်မိအောင်ဆင်ခြင်ပါ။ အချစ်ရေးကံ အထူးကောင်းနေပါတယ်။ ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေတာကြောင့် အရွေးရခက်နေတတ်ပါတယ်။

ယတြာ။         ။ မွေးရက်မှာ ကြာဆန်ကြော်ဆွမ်းလောင်းပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်းမွေးဖွားသူများ

ချစ်ခင်ရသူတစ်ဦးရဲ့ကျန်းမာရေးကိစ္စကြောင့် စိတ်ပူပန်နေရတတ်တယ်။ ပရဟိတနဲ့ ပတ် သက်တဲ့ အလုပ်တွေများနေတာကြောင့် စီးပွားရေးဘက် မလှည့်နိုင်ဘဲ ဖြစ်နေတတ်တယ်။ ခရီးတွေ ထွက်ရမယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမယ်။ အချစ်ရေးမှာ ချစ်တဲ့သူနဲ့ ခဏဝေးနေရတတ်တယ်။

ယတြာ။        ။ မွေးရက်မှာ သီလရှင်တစ်ပါးကို ဆွမ်းဆန်စိမ်းတစ်ပြည်လှူပါ။

 ၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

အရေးကြီးတာတွေနဲ့ အရေးမကြီးတာတွေကို ခွဲခြားဦးစားပေးရမယ့်ကာလဖြစ်ပါတယ်။ ပညာ ရေးဘက် လေ့လာလိုက်စားနေသူများ နိုင်ငံရပ်ခြားအထိ သွားရောက်ပညာသင်ယူဖို့ အခွင့်အလမ်း တွေပေါ်မယ်။ ရရှိလာတဲ့အခွင့်အလမ်းတွေကို လက်လွှတ်မခံဘဲ ကြိုးစားလိုက်ပါ။ အောင်မြင်မှုတွေက သင့်ကို ဆီးကြိုနေပါတယ်။ အချစ်ရေးမှာ ဝါသနာတူသူနဲ့ နီးစပ်မယ်။

ယတြာ။         ။ မွေးနံထောင့်မှာ မြတ်လေးပန်းကပ်လှူပါ။

တိုက်ဆိုင်မှုလေးတွေပါရင် LIKE & SHARE လေးလုပ်လိုက်ပါနော်။