ဘာကြောင့် အမျိုးသားတွေက ပိုပြီး လွယ်လွယ်နဲ့ နက်နက်ရှိုင်းရှိုင်းချစ်မိတတ်ကြတာလဲ

0
296

        မိန်းမတွေက လူတစ်ယောက်ကို ချစ်မိဖို့ အချိန်အကြာကြီးယူတယ်။ ဒါပေမဲ့ တကယ်ချစ်မိသွားပြီဆိုရင်တော့ သိပ်ကို အချစ်ကြီးတတ်ကြပါတယ်။ ယောက်ျားတွေကတော့ ဆန့်ကျင်ဘက်လို့ပြောရမှာပေါ့။ ယောက်ျားတွေဟာ မိန်းမတွေကို ချစ်မိဖို့ သိပ်ကိုမြန်တယ်၊ ပြီးတော့ ချစ်နေကြောင်းကို ထုတ်ဖော်ပြသဖို့လည်း လွယ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းရင်းကြီး ၃ရပ် ရှိပါတယ်။

၁။ ယောက်ျားတွေက ခံစားချက်တွေကို မျိုသိပ်မထားတတ်ကြဘူး။

ယောက်ျားတွေက မိန်းမတစ်ယောက်ကိုချစ်ဖို့ ဘာမှမစဉ်းစားကြဘူး။ ချစ်ရင်ချစ်တယ်၊ မုန်းရင်မုန်းတယ်၊ ဒါပဲ။ ပြီးတော့ သူတို့ရဲ့ စိတ်ခံစားချက်တွေကို မျိုသိပ်မထားတတ်ကြဘူး။ စိတ်ခံစားချက်တွေကို မျိုသိပ်ပါများလာရင်လည်း ချစ်ဖို့ စိတ်မပါကြတော့ဘူး။

၂။ သူတို့ရဲ့  ခံစားချက်တွေကို ပြန်ပြီး မေးခွန်းထုတ်လေ့မရှိကြဘူး။

ယောက်ျားတစ်ယောက်အနေနဲ့ မိန်းမတစ်ယောက်ကိုချစ်ဖို့ ကိုယ့်ကိုယ်ကိုလည်း မေးခွန်းထုတ်စရာမလိုဘူး၊ သူများဆီမှာလည်း ခွင့်တောင်းစရာမလိုဘူးလို့ ယူဆထားတတ်တယ်။ မိန်းမတွေကတော့ တစ်ယောက်ယောက်ကို ချစ်တော့မယ်ဆိုရင် ကိုယ့်နှလုံးသားကိုယ် ပုလိပ်စစ် စစ်နေတာနဲ့ အချိန်တွေ ကုန်ကြပါလေရော။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ယောက်ျားအများစုက နွေးထွေးတဲ့သံယောဇဉ်ကို မခံစားဖူးကြပါဘူး။

မိန်းကလေးသူငယ်ချင်းတွေနဲ့ ယောက်ျားလေးသူငယ်ချင်းတွေကြား ကွာခြားချက်ပါပဲ။ မိန်းကလေးတွေဟာ သူငယ်ချင်းတွေနဲ့ နွေးထွေးတဲ့သံယောဇဉ်တွေရှိကြတယ်။ ယောက်ျားလေးတွေမှာတော့ သူငယ်ချင်းတွေကြားမှာ ခင်မင်ပွင့်လင်းတဲ့သံယောဇဉ်တွေ ရှိကြတယ်။ အဲဒီလို ခင်မင်မှုပုံစံက အချစ်ရေးမှာ သွားပြီး အကျိုးသက်ရောက်တတ်ပါတယ်။

သင့်အမြင်လေးကို comment box မှာ ဝေမျှသွားခဲ့ပါဦး။