ပန်းတွေအကြာကြီးလန်းဆန်းနေစေမယ့် နည်းလမ်း (၁ဝ)

0
102
၁။ ကျယ်ဝန်းသန့်ရှင်းတဲ့ပန်းအိုးကို အသုံးပြုပါ။

သန့်ရှင်းတဲ့ပန်းအိုးကိုအမြဲတမ်းအသုံးပြုတာက ပန်းကိုက်ပိုးတွေ၊ ဘက်တီးရီးယားပိုးတွေ အန္တရာယ်က ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းပါပဲ။ ဒါ့အပြင် ပန်းစည်းတွေကို တင်းကြပ်စွာ ချည် နှောင်တာမျိုးမလုပ်ပါနဲ့။ လေဝင်လေထွက်ကောင်းတဲ့ အဝကျယ်ကျယ်ပန်းအိုးတွေကို ရွေးချယ်ပါ။

၂။ ရေနွေးပူစိမ်ပါ။

အပူချိန်က ၄၃ ကနေ ၄၄ ဒီဂရီဆဲလ်စီယပ်ရှိရပါမယ်။ ရေကို ပန်းအိုးထဲလောင်းထည့်ပါ။ ပြီးရင် အေးတဲ့နေရာမှာ ၁-နာရီ၊ ဒါမှမဟုတ် ၂-နာရီကြာအောင်ထားပါ။ လေအေးကြောင့် ပန်းတွေရဲ့ အစို ဓာတ်လျော့နည်းနေချိန်မှာ ရေပူရဲ့မော်လီကျူးတွေက ပင်စည်ကို ဖြတ်စီးသွားတယ်။ ဒီနည်းလမ်းနဲ့ ပန်းတွေရဲ့လန်းဆန်းမှုကို ဆွဲဆန့်နိုင်ပါတယ်။

၃။ ရေခပ်နွေးနွေးကို အသုံးပြုပါ။

ရှေ့ကနည်းလမ်းတွေနဲ့ အဆင်မပြေဘူးဆိုရင် ပန်းစည်းကို ရေခပ်နွေးနွေးထဲစိမ်ပါ။ ဒါမှမဟုတ် ရေနွေးငွေ့အပူချိန်ရှိတဲ့အခန်းထဲမှာ သိမ်းဆည်းထားပါ။ ပန်းတွေကြာရှည်လန်းဆန်းနေဖို့ဆိုရင် ရေ အေးထက် ရေနွေးက ပိုပြီးလွယ်ကူပါတယ်။

၎။ အောက်ခြေက အရွက်တွေကို ဖယ်ပစ်ပါ။

ပန်းတွေကြာရှည်လန်းဆန်းနေဖို့ဆိုရင် ရေထဲရောက်နေတဲ့အရွက်တွေကို ဖယ်ပစ်လိုက်ပါ။ အ ရွက်တွေ ရေထဲမှာ နစ်မြုပ်နေခြင်းက ပန်းကို အလျင်အမြန်ပုပ်စေပါတယ်။ ဒါကြောင့် ပန်းတွေကိုဘက် တီးရီးယားပိုးတွေရန်က ကာကွယ်ဖို့ ရိုးတံအောက်ခြေက အရွက်တွေကို ဖယ်ပစ်လိုက်ပါ။

၅။ ရေမှန်မှန်လဲပေးပါ။

ပန်းတွေလန်းဆန်းနေစေဖို့ နေ့စဉ် ရေလဲပေးပါ။ ရေမလဲပေးခင် ပန်းအိုးထဲက အကြွေအစအ နတွေကို ဖယ်ထုတ်ပစ်ဖို့ မမေ့ပါနဲ့။ ဒီနည်းလမ်းက ပိုးတွေကူးစက်ပျံ့နှံ့ခြင်းရဲ့ အန္တရာယ်တွေကို လျှော့ ချပေးပါတယ်။ ပန်းအိုးထဲမှာ ရေနဲ့အတူ အကိုက်အခဲပျောက်ဆေး အနည်းငယ်ကိုထည့်ခြင်းကလည်း ရေကို ပိုသန့်စင်စေပြီး ပန်းကိုက်ပိုးတွေကို သေစေပါတယ်။

၆။ ရိုးတံကို ထောင့်ကျကျဖြတ်ပါ။

ရိုးတံအဖျားတွေကို ပုံမှန်ဖြတ်ပေးဖို့ မမေ့ပါနဲ့။ ထက်မြတဲ့ဓားကို အသုံးပြုပြီး ပင်စည်ကို ၄၅ ဒီ ဂရီကျကျဖြတ်ပါ။ ဒီနည်းလမ်းက ပန်းရဲ့ရေကိုစုပ်ယူနိုင်စွမ်းကို တိုးမြင့်စေပါတယ်။ အထူးသဖြင့် ထိ ခိုက်လွယ်တဲ့နှင်းဆီလို ပန်းမျိုးဆိုရင် ရိုးတံကို ဖြတ်ပေးတာအကောင်းဆုံးပါပဲ။

၇။ ကြာရှည်ခံဆေးတွေအသုံးပြုပါ။

ဖြတ်ထားတဲ့ပန်းတွေ ကြာရှည်ခံစေတဲ့ မရှိမဖြစ်ဓာတ်တွေပါဝင်နေတဲ့ ကြာရှည်ခံဆေးတွေကို ပျိုးဥယျာဉ်ပစ္စည်းရောင်းတဲ့ဆိုင်တွေက အလွယ်တကူဝယ်ယူနိုင်သလို ကိုယ်တိုင်လည်း ပြင်ဆင်နိုင်ပါ တယ်။ စီးထရပ်စ်ဆိုဒါ (citrus soda) နဲ့ ဘလိခ်ျ (bleach) ခေါ် အရောင်ချွတ်ဆေးကို ရောစပ်ပါ။ သ ကြားဓာတ်ပါဝင်တဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အက်ဆစ်ကို ရေထဲထည့်ပါ။ သေးငယ်တဲ့ပိုးမွှားတွေပါ သေစေဖို့ ဆိုဒါတစ်ဆ၊ ရေသုံးဆနဲ့ ဘလိခ်ျအစက်အနည်းငယ်ကို ထပ်ပေါင်းထည့်ပါ။ ကိုယ်တိုင်ပြု လုပ်တဲ့နည်းလမ်းက ဝယ်ယူအသုံးပြုတာထက် အာနိသင်ပိုအစွမ်းထက်ပါတယ်။

၈။ ပန်းတွေကို နေရောင်ခြည်၊ အပူပေးစက်၊ သစ်သီးတွေနဲ့ ဝေးဝေးထားပါ။

ပန်းတွေကို အပူဒဏ်ထိတွေ့စေတဲ့နေရာတွေမှာ မထားပါနဲ့။ သစ်သီးထည့်ထားတဲ့ ခြင်းတွေနဲ့ လည်း နီးနီးမထားပါနဲ့။ အသီးအနှံကထွက်တဲ့ ethylene က ပန်းတွေကို မြန်မြန်ပျက်စီးညှိုးနွမ်းစေပါ တယ်။

၉။ ညှိုးရော်နေတဲ့အရွက်တွေ၊ အပွင့်တွေကို ချက်ချင်းဖယ်ပစ်ပါ။

ပန်းအိုးထဲမှာ ညှိုးနေ၊ နွမ်းနေတဲ့ပန်းတွေကို မြင်တာနဲ့ ချက်ချင်းဖယ်ရှားပစ်ပါ။ အဲ့ဒီအရွက်တွေ ဆီကနေ ပိုးတွေကူးစက်ပြီး ကျန်တဲ့ပန်းတွေကိုပါ ညှိုးရော်ပျက်စီးစေပါတယ်။

၁ဝ။ ပန်းတွေကို သီးခြားစီခွဲထားပါ။

ပန်းတွေအားလုံးကို ရေတစ်ခုတည်းမှာ ရောထားလို့မရပါဘူး။ နှင်းပန်းတွေ၊ ဗေဒါပန်းတွေဟာ တခြားအပင်တွေကို အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုတွေပေးပါတယ်။ ဒါကြောင့် သူတို့ကို သပ်သပ် ပန်းအိုးနဲ့ထားတာ အကောင်းဆုံးပါပဲ။

အထက်ပါနည်းလမ်းတွေကို သုံးတာတောင် သင့်ပန်းလေးတွေ ညှိုးနွမ်းလာတယ်ဆိုရင်တော့ ရေနွေးနွေးထဲမှာ မိနစ်အနည်းငယ်ကြာအောင် နှစ်လိုက်ပါ။ ဒါက ပန်းတွေကို ပြန်လည်လန်းဆန်းလာ စေဖို့ နောက်ဆုံးအခွင့်အရေးပါပဲ။

ဒီစာစောင်လေးက သင့်အတွက် အသုံးတည့်တယ်ဆိုရင် တခြားသူတွေအတွက်ပါ SHARE လိုက်ပါဦး နော်။

Leave a Reply