ပညာသင်နှစ်အစမှာ ကလေးငယ်တွေ အတွက် ဘာတွေ အရေးကြီးတာလဲ။

0
150
ဂန္ထဝင်စာချစ်သူ မိဘများရှင်…။

ကျောင်းဖွင့်ရာသီကို ရောက်လာပြီဆိုတော့ အတန်းသစ်တက်ရတော့မယ့် သားငယ်သမီးငယ်လေးတွေက ရင်ခုန်စိတ်လှုပ်ရှားနေသလို မိဘတွေကလည်း ပျော်နေတယ်ဟုတ်။ အတန်းသစ်တက်ရတော့မယ့် ကလေးတွေအတွက် လွယ်အိတ်အသစ်၊ ကျောင်းဝတ်စုံအသစ်၊ စာရေးကိရိယာအသစ်တွေ ဝယ်ပေးရင်း မျှော်လင့်ချက်အသစ်တွေနဲ့ ပျော်ရွှင်တက်ကြွနေသလို မိဘတွေအနေနဲ့လည်း ကလေးတွေအတွက် ပြင်ဆင်ပေးရင်း မမောနိုင် မပန်းနိုင်ဘဲ ပျော်ရွှင်နေတတ်ကြပါတယ် မဟုတ်ပါလား။

စာချစ်သူတို့ရေ… ကျောင်းတက်ရတော့မယ့် ကလေးငယ်တွေအတွက် မိဘတွေအနေနဲ့ အသစ်အသစ်သော စာရေးကိရိယာတွေ၊ အသုံးအဆောင်တွေကို ပြင်ဆင်ပေးသလိုပဲ နောက်ထပ်သတိထားရမယ့်အရာတွေရှိနေပါတယ်။ သင့်ကလေးငယ်ဟာ စာသင်နှစ်အသစ်မှာ တစ်ဆင့်မြင့်တဲ့ ပညာရပ်တွေကို သင်ယူရတော့မယ်ဆိုတော့ အာရုံစူးစိုက်မှုတွေလည်း ပိုတိုးဖို့လိုသလို၊ စာကြိုးစားလုပ်ဆောင်ရာမှာလည်း အရင်နှစ်ထက်ပိုကြိုးစားဖို့ လိုလာပါတယ်။ ဒါ့ကြောင့် စာသင်နှစ်အသစ်မှာ ကလေးငယ်တွေအတွက် လွယ်အိတ်အသစ်တွေပြင်ဆင်ပေးသလိုပဲ ကလေးငယ်ကို အာဟာရပြည့်ဝအောင် ကျွေးမွေးဖို့၊ အိပ်ရေးဝအောင် အိပ်စက်စေဖို့၊ သန့်ရှင်းလတ်ဆတ်ပြီး ဘေးဥပဒ်ကင်းတဲ့ အစားအစာတွေကို ကျွေးမွေးဖို့ကလည်း မိဘတွေရဲ့ အကြီးဆုံးတာဝန်ပါ။

ကလေးတစ်ယောက်အနေနဲ့ အာဟာရပြည့်ဝပြီး ဘေးဥပဒ်ကင်းတဲ့ အစားအစာတွေကို ကျောင်းမုန့်ဈေးတန်းမှာ ရွေးချယ်ဝယ်ယူနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာပါ၊ ဒါ့ကြောင့် မိဘတွေ အနေနဲ့ သားငယ်၊သမီးငယ်တွေ စားသောက်မယ့် ထမင်းဘူးထဲမှာ ခန္တာကိုယ်ကြီးထွား ဖွံ့ဖြိုးဖို့ ဥာဏ်ရည်ထက်မြက်ဖို့ အထောက်အကူဖြစ်စေမယ့် အာဟာရတန်ဖိုးပြည့်ဝတဲ့ ဟင်းလျာများကို ပြည့်စုံမျှတအောင် တွက်ချက်စီမံပြီး ထည့်ပေးဖို့လိုအပ်သလို သရေစာမုန့်နှင့်သောက်စရာများကလည်း အရည်အသွေးပြည့်ဝပြီး ကျန်းမာရေးထောက်ခံချက်နှင့်အညီ ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းတွေဖြစ်ဖို့လိုပါတယ်။ ထုတ်လုပ်တဲ့အရင်းအမြစ်၊ ပါဝင်တဲ့ပစ္စည်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲတွေကို ကြည့်ရှုဝယ်ယူနိုင်တဲ့ ကုန်ပစ္စည်းဖြစ်ရန်လိုပါတယ်။

ကလေးငယ်တွေအနေနဲ့ အာဟာရပြည့်ဝစွာ စားသုံးခြင်းအားဖြင့်…

ကျောင်းသင်ခန်းစာမှာ ကောင်းစွာ အာရုံစူးစိုက်မှုအားကောင်းလာမယ်။

စိတ်ဖိစီးမှုတွေ လျော့ကျလာမယ်။

ကျန်းမာပျော်ရွှင်ပြီး ကျောင်းလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်တတ်လာမယ်။

သက်လုံကောင်းပြီး ဖျတ်လတ်တက်ကြွလာမယ်။

နာတာရှည်ရောဂါတွေ ကင်းဝေးပြီး ကြီးထွားဖွံ့ဖြိုးလာမယ်။

စာချစ်သူမိဘများအနေနဲ့ ရင်သွေးငယ်လေးတွေရဲ့ စာသင်နှစ်အစမှာ အိပ်မက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ရင်ခုန်စိတ်လှုပ်ရှားနေကြမယ်ထင်တယ်။ ပြီးတော့ ကျောင်းသုံးပစ္စည်းတွေဝယ်ဖို့၊ အာဟာရပြည့်ဝတဲ့ စားစရာတွေဝယ်ဖို့ ဟိုဟိုဒီဒီပြေးရင်း မောနေမယ့် ဒုက္ခကိုလည်း တွေးမိပါတယ်။

ကျောင်းဖွင့်ရာသီမှာ သင့်ကလေးငယ်အတွက် လိုအပ်မယ့်အရာတွေကို ဟိုဟိုဒီဒီပြေးလွှားဝယ်ယူစရာမလိုဘဲ တစ်နေရာတည်းမှာ အဆင်ပြေပြေနဲ့ ၀ယ်ယူရရှိနိုင်မယ့် နည်းလမ်းကောင်းလေးလည်းမျှဝေပေးချင်ပါတယ်။ အဲ့ဒါကတော့ Ocean Supercenter က သင့်ကလေးငယ်အတွက် ကျောင်းဖွင့်ရာသီမှာ လိုအပ်မယ့် စာရေးကိရိယာ၊ ကျောင်းသုံးပစ္စည်း၊ ကျောင်းဝတ်စုံတွေကအစ စားသောက်ကုန်တွေအထိ တစ်နေရာတည်းမှာ အစုံအလင်ရနိုင်အောင် စီစဉ်ထားတဲ့အပြင် School Time Special Promotion ကာလဖြစ်တဲ့ 18.May.2018~7.June.2018 အတွင်းဝယ်ယူရင်လည်း discount တွေပါရယူနိုင်မှာဆိုတော့ မိသားစုတွေနဲ့ Ocean မှာ ပျော်ပျော်ပါးပါး ဈေးဝယ်နိုင်ကြောင်းလည်း အသိပေးလိုက်ပါတယ်နော်။