နာကျည်းမှုတွေနဲ့ ဒီနေ့ပဲ လမ်းခွဲလိုက်ပါ။

0
3521

         နာကျည်းမှုဆိုတာ လူသားတွေအတွက် မျိုးဆက်တစ်ခုပြီးတစ်ခု နာကျင်စရာတွေ၊ ပူလောင်မှု တွေ သယ်ဆောင်လာပေးတဲ့အရာဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ လူတွေနာကျည်းခဲ့ကြတယ်။ မုန်းတီးခဲ့ကြတယ်။ မပျော်ရွှင်မှုတွေကို ကြုံခဲ့ကြရတယ်။

ဒီနေ့မှာတော့ အဲ့ဒီနာကျည်းမှုတွေကို အပြီးတိုင် ချိုးဖျက်ပစ်လိုက်ကြပါစို့။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ပိုပြီးကောင်းမွန်ငြိမ်းချမ်းတဲ့ဘဝကို ပိုင်ဆိုင်ဖို့အတွက်…

  • ဒေါသတွေကို ကြင်နာစိတ်နဲ့သာ ရင်ဆိုင်လိုက်ပါ။
  • မထီလေးစားတိုက်ခိုက်မှုတွေကို ထောက်ထားညှာတာမှုနဲ့သာ ရင်ဆိုင်လိုက်ပါ။
  • ရက်စက်ကြမ်းကြုတ်မှုတွေကို အကြင်နာတရားနဲ့သာ ရင်ဆိုင်လိုက်ပါ။
  • မဲ့နေတဲ့မျက်နှာတွေကို ကြည်လင်တဲ့အပြုံးမျက်နှာနဲ့သာ ရင်ဆိုင်လိုက်ပါ။
  • အမှားတွေတွေ့ခဲ့ရင် ခွင့်လွှတ်ပေးပါ။ မေ့ဖျောက်ပစ်လိုက်ပါ။

ဘဝဆိုတာ တိုတိုလေးမို့ ငြိမ်းချမ်းပျော်ရွှင်ချင်တယ်ဆိုရင် နာကျည်းမှုတွေနဲ့ ဒီနေ့ပဲ အပြီးအ ပိုင်လမ်းခွဲဖို့ လိုအပ်ပါတယ်။ အရာအားလုံးကို ချစ်တတ်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ “အချစ်” ဆိုတာ ဘဝကိုအေးငြိမ်းပျော်ရွှင်စေတဲ့ တစ်ခုတည်းသောအရာဖြစ်သလို အနာဂတ်ကို ရင်ဆိုင်ရာမှာလည်း အစွမ်းထက်ဆုံးလက်နက်ဖြစ်နေလို့ပါပဲ။

စာစောင်လေးကို မျှဝေဖို့ SHARE လိုက်ပါဦးနော်။