နတ်ဆေးအလား ထင်မှတ်မှားရတဲ့ မန်နူကာပျားရည် (Manuka Honey)

0
249

အခုတလော အနောက်နိုင်ငံတွေမှာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးပေးနိုင်တဲ့ superfood တစ်မျိုး ခေတ်စားနေပါတယ်။ အဲဒါကတော့ Manuka Honey လို့ခေါ်တဲ့ မန်နူကာပျားရည်ပဲဖြစ်ပါတယ်။

မန်နူကာပျားရည်ဆိုတာ ပျားရည်တစ်မျိုးပါပဲ။ ဒါပေမဲ့ တခြားပျားရည်တွေနဲ့မတူတာက မန်နူကာပန်းလေးတွေကိုပဲ ဝတ်မှုန်ကူး၊ ဝတ်ရည်စုပ်တဲ့ပျားလေးတွေဆီကနေ ရတဲ့ပျားရည်ဖြစ်လို့ပါပဲ။

မန်နူကာပန်းလေးတွေက နေရာတိုင်းမှာ မပွင့်တာရယ်၊ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများတာရယ်ကြောင့် မန်နူကာပျားရည်ဟာ ကမ္ဘာပေါ်မှာ ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပျားရည်လို့ သတ်မှတ်နိုင်ပါတယ်။

မန်နူကာပျားရည်ရဲ့ ထိရောက်တဲ့ အကျိုးကျေးဇူးတွေကို သိရှိပြီးတဲ့အခါမှာတော့ ပညာရှင်တွေဟာ မန်နူကာပန်းလေးတွေကို စိုက်ပျိုးပြီး မန်နူကာပျားရည်ကို သိပ္ပံနည်းကျ ထုတ်လုပ်ခဲ့ပါတယ်။ အထူးသဖြင့် နယူးဇီလန်နိုင်ငံမှာ ထုတ်လုပ်ပါတယ်။

မန်နူကာပင်ကို တစ်နည်းအားဖြင့် Tea Tree ပင်လို့လည်းခေါ်ဝေါ်ပြီး skincare တွေ၊ hair care products တွေမှာ အသုံးများပါတယ်။ မန်နူကာပျားရည်မှာ ရှားပါးတဲ့ ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။

၁။ Methylglyoxal (MGO) – ဒီဒြပ်ပေါင်းက မကောင်းတဲ့ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်းထက်ဒြပ်ပေါင်းတစ်မျိုးပါ။

၂။ Dihydroxyacetone (DHA) – ဒီဒြပ်ပေါင်းက မန်နူကာပန်းဝတ်ရည်မှာတွေ့ရတဲ့ ဒြပ်ပေါင်းဖြစ်ပြီး ပျားရည်အဖြစ်ပြောင်းတဲ့အခါမှာ MGO အဖြစ်အသွင်ပြောင်းသွားပါတယ်။

၃။ Leptosperin – ဒီဒြပ်ပေါင်းကလည်း မန်နူကာပန်းရဲ့ ဝတ်ရည်မှာ တွေ့ရတဲ့ဒြပ်ပေါင်းပါ။

မန်နူကာပျားရည်ဟာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့နေရာမှာ ဆရာတစ်ပါးလို့ပြောရအောင်ကို အစွမ်းထက်လှပါတယ်။ ပြီးတော့ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ အစာချေလမ်းကြောင်းပြဿနာဖြစ်တာတွေကို သက်သာစေပါတယ်။ ဒါ့အပြင် ကိုလက်စထရောလျော့ကျစေတယ်၊ ဝက်ခြံပျောက်စေတယ်၊ ရင်ပူတာကိုလည်း သက်သာစေတယ်။ အသားအရေနဲ့ ဆံကေသာအလှအပကိုလည်း အထောက်အကူပြုတယ်။

အခုဆိုရင်လည်းဈေးကွက်ထဲမှာ မန်နူကာပျားရည်ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ဆေးဝါးတွေ၊ လိမ်းဆေးတွေ၊ အလှအပထုတ်ကုန်တွေ၊ ဆံသားဆိုင်ရာထုတ်ကုန်တွေ အများကြီး ရှိနေပါပြီ။ (ဥပမာ- Palmer’s ကထုတ်တဲ့ ဆံသားအလှကုန်တွေလိုပေါ့)။

ဆံသားတွေကို အားဖြည့်ပေးပြီး ပျော့ပျောင်းလှပစေတဲ့ မန်နူကာပျားရည်ရဲ့အစွမ်းကို Palmer’s ကထုတ်တဲ့ Manuka Flower Honey Finishing Hair Oil ကနေတဆင့် ရနိုင်ပါတယ်။ Manuka Flower Honey Finishing Hair Oil ကို ခေါင်းလျှော်ပြီး ရေသုတ်ပြီးတဲ့အချိန်မှာ လိမ်းပြီးအခြောက်ခံပေးရင် ပျော့ပျောင်းလှပပြီး စတိုင်ကျတဲ့ ဆံသားလေးတွေကို ပိုင်ဆိုင်စေမှာပါ။ သူ့မှာ Manuka Honey တင်မကဘူးနော်… ကိုကိုး butter၊ Shea butter တို့ပါ ပါဝင်ပါတယ်။

ဒါကြောင့် မန်နူကာပျားရည်စစ်စစ်ကို ဝယ်ရခက်နေရင်တောင် ဝယ်ရလွယ်တဲ့ ထုတ်ကုန်လေးတွေကို သုံးစွဲနိုင်ပါတယ်နော်။

မန်နူကာပျားရည်ရဲ့အကြောင်းကို သူငယ်ချင်းတွေလည်းသိရအောင် SHARE ပေးလိုက်ပါ။