ဓမ္မတာလာခြင်းနဲ့ ပတ်သက်ပြီး အမျိုးသမီးများ သိထားသင့်သည့်အချက်များ

0
10342

ဓမ္မတာလာခြင်းဆိုသည်မှာ အမျိုးသမီးတွေရဲ့ ဘဝတစ်စိတ်တစ်ပိုင်း လို့ပြောလို့ရပါတယ်။ အခုဆိုရင် အသက်ငယ်ငယ်လေးနဲ့ ရာသီစပေါ်လေ့ရှိကြပေမယ့် မြန်မာနိုင်ငံမှာတော့ အသက် (၁၃)နှစ် (၁၄)နှစ်လောက်မှာ ရာသီစပေါ်ပြီး အသက်(၅၀)ပတ်ဝန်းကျင်လောက်မှာ သွေးဆုံးတတ်ကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေဟာ နှစ်လေးဆယ်လောက် ဓမ္မတာလာခြင်းကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်၏လုပ်ငန်းဆောင်တာတွေကို အမျိုးသမီးတစ်ယောက်အနေနဲ့ သိထားတာကောင်းပါတယ်။ ဒီလိုသိခြင်းအားဖြင့် ဘယ်ဟာကဖြင့် အရေးကြီးတယ် အရေးမကြီးဘူး စသဖြင့် ခွဲခြားနိုင်မှာဖြစ်ပါတယ်။ အခုဖော်ပြမယ့် အချက်(၅)ချက်က ကျွန်မတို့အားလုံး ဓမ္မတာလာခြင်းနှင့် ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေဖြစ်ပါတယ်။

၁။ ရာသီများနေခြင်း

ရာသီလာတာများတာက ဖြစ်တတ်ပါတယ်။ ဒါပေမယ့် (၂)နာရီကြားတစ်ခါ (၃)နာရီကြားတစ်ခါလောက် အမျိုးသမီးသုံးပစ္စည်းကို လဲနေရပြီဆိုရင် သို့မဟုတ် (၇)ရက်ထက်ပိုပြီး လာနေတယ်ဆိုရင် ဆရာဝန်နဲ့ဆွေးနွေးဖို့ လိုအပ်လာပြီနော်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ နာကျင်ကိုက်ခဲတာတွေကို ကြိုတင်ကာကွယ်ခြင်း

ရာသီလာစဉ် ကိုက်ခဲနာကျင်တတ်တဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်ဆိုတာ သေချာပါတယ်။ ကျွန်မလည်း အဲဒီထဲက တစ်ယောက်ပါပဲ။ ဒီလိုနာကျင်ကိုက်ခဲတာတွေ သက်သာစေဖို့ အကိုက်အခဲပျောက်ဆေးကို သောက်ဖို့လိုအပ်လာတဲ့အခါ ကြိုတင်သောက်ထားသင့်ပါတယ်။ လေ့လာစမ်းသပ်ချက်တွေအရ lifestyle လေးတွေပြောင်းလဲခြင်း (ဥပမာ – လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ အိပ်ရေးဝအောင်အိပ်တာ၊ ကျန်းမာရေးအတွက်ကောင်းတဲ့ အစားအစာတွေစားသုံးတာနဲ့ အနားယူပေးတာမျိုးတွေပေါ့)က အမျိုးသမီးများ နာကျင်ကိုက်ခဲတာတွေကို သက်သာစေနိုင်ပါတယ်လို့ ပြသထားပါတယ်။

၃။ ရာသီမမှန်ခြင်း

တစ်နှစ်မှာ တစ်ခါနှစ်ခါလောက် ရာသီမမှန်တာက ဖြစ်တတ်ပါတယ်။ ရာသီမမှန်တာ၊ ရာသီမလာတာတွေက ဖြစ်နိုင်ချေတွေအများကြီးရှိပါတယ်။ ဖျားနာတာပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှုများနေတာဖြစ်ဖြစ်၊ ကိုယ်အလေးချိန်မမှန်တာဖြစ်ဖြစ်ပေါ့။ ကိုယ်ဝန်ရှိရင်လည်းရာသီမမှန်ပါဘူး။ ကိုယ်ကဒါတွေဘာမှမဖြစ်ဘဲ ရာသီမမှန်တာ ဆိုရင်လည်း နောက်တစ်ကြိမ် လာတာကိုစောင့်ကြည့်နိုင်ပါတယ်။ နောက်တစ်ကြိမ်လဲမလာဘဲ ဆက်တိုက်ဖြစ်လာရင်တော့ ဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ်။

၎။ တကိုယ်ရည်သန့်ရှင်းမှု၏ အရေးပါခြင်း

တချို့ရုပ်ရှင်တွေ၊ တီဗီတွေကြောင့် ဓမ္မတာလာခြင်းတွေကို ရွံ့စရာရက်စရာ တစ်ခုလိုထင်စေပါတယ်။ ဒါပေမယ့် ရာသီလာခြင်းဆိုတာ ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ဒါကြောင့်မရှက်ဘဲနဲ့ တကိုယ်ရည်သန့်ရှင်းခြင်းကို ပြုလုပ်သင့်ပါတယ်။ ကိုယ့်ခန္ဓာကိုယ် pH နဲ့ကိုက်ညီမယ့် ဆပ်ပြာသုံးပေးသင့်ပါတယ်။ အနံ့အသက်ပျောက်အောင် ပေါင်ဒါတွေ ရေမွှေးတွေကို မသုံးပါနဲ့၊ ဒါတွေက ယားယံခြင်းနဲ့ ဘက်တီးရီးယားပိုးမွှားများ ကူးစက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

၅။ မိခင်သွေးဆုံးချိန်က သားသမီးအပေါ်သက်ရောက်ခြင်း

ကိုယ့်မေမေ သွေးဆုံးတဲ့အသက်အရွယ်က ကိုယ်သွေးဆုံးမယ့် အရွယ်ကို ခန့်မှန်းနိုင်တဲ့ အကောင်းဆုံးအချက်ထဲက တစ်ခုပါ။ ဒါကကြိုပြီး သိထားသင့်တယ်လေ။ ပုံမှန်အားဖြင့် အမျိုးသမီးတွေက အသက် (၅၁)နှစ်အရွယ်မှာသွေးဆုံးတတ်ကြပေမယ့် အသက်(၄၀) နဲ့(၅၆) ကြားကတော့ ပုံမှန်လို့ ပြောနိုင်ပါတယ်။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။