ဒီအချက်လေးတွေကို လွယ်လွယ်လေးလိုက်နာပြီး မျက်လုံးပါဝါကို မြန်မြန်လေးလျှော့ချလိုက်ရအောင်

0
174

မျက်စိပါဝါလျှော့ချဖို့ မဖြစ်နိုင်ဘူးလို့ ထင်နေတာလား။ တကယ်က မျက်စိပါဝါကို လျှော့ချနိုင်ပါတယ်။ အစားအသောက်ပုံစံတွေ၊ လေ့ကျင့်ခန်းတွေ၊ အမူအကျင့်တွေ၊ မျက်စိအားဆေးတွေကို အသုံးပြုပြီး မျက်စိပါဝါကို လျှော့ချနိုင်ပါတယ်။ အောက်မှာ နည်းလမ်းတစ်ခုချင်းစီ ဖော်ပြထားပါတယ်နော်။

၁။ မျက်စိပါဝါကို မကြာခဏစစ်ပါ။ စစ်ရင်လည်း မတူညီတဲ့ မျက်စိဆေးခန်းတွေ ပြောင်းစစ်ကြည့်ပါ။

၂။ အနီးကိုကြည့်မယ်ဆိုရင် အဝေးကြည့်မျက်မှန်မသုံးပါနဲ့။ အဝေးကိုကြည့်မယ်ဆိုရင် အနီးကြည့်မျက်မှန်မသုံးပါနဲ့။

၃။ ဖုန်းတွေ၊ ကွန်ပျူတာတွေကို လျှော့သုံးပါ။ TV လျှော့ကြည့်ပါ။ ဖန်သားပြင်ကို မဖြစ်မနေကြည့်ရမယ်ဆိုရင်လည်း ၁၅ မိနစ်တစ်ခါ မျက်လုံးကို အနားပေးပါ။

၎။ မျက်စဉ်းခတ်တာက ပါဝါမလျော့စေပါဘူး။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ မျက်စဉ်းခပ်ဆေးမသုံးပါနဲ့။

၅။ တရားထိုင်ပါ။ ယောဂကျင့်ပါ။ စိတ်ရောကိုယ်ပါပင်ပန်းတာတွေ၊ အိပ်ရေးပျက်တာတွေ များလာတဲ့အခါ မျက်စိကို သွားပြီး ထိခိုက်စေပါတယ်။ ယောဂကျင့်ခြင်းနဲ့ တရားထိုင်ခြင်းက အာရုံကြောအတွက်လည်း အရမ်းကိုကောင်းတဲ့ လေ့ကျင့်ခန်းတွေပါ။

၆။ ဂီတသံနဲ့အတူ လိုက်ပါစီးမျောပြီး ကခုန်ပါ။ ကခုန်ခြင်းကလည်း အာရုံကြောအတွက် လေ့ကျင့်ခန်းတစ်ခုဖြစ်စေပါတယ်။

၇။ ချိုလွန်းတာတွေ၊ အဆီများတဲ့အစားအစာတွေက မျက်စိကို ထိခိုက်စေတာကြောင့် လျှော့စားပါ။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ခါကြက်ဥတွေ၊ မြင်းခွာရွက်တွေ များများစားပါ။

၈။ အပြင်သွားတိုင်း နေကာမျက်မှန်တပ်ပါ။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက မျက်စိကို ထိခိုက်စေပါတယ်။

၉။ မျက်စိလေ့ကျင့်ခန်းလေးတွေလုပ်ပါ။ မျက်လုံးကို ဘယ်ညာကြည့်တာတို့၊ အပေါ်အောက်ကြည့်တာတို့ လုပ်ပါ။

၁ဝ။ မျက်လုံးနှစ်လုံးကြားနေရာ၊ မျက်ရိုးတွေ၊ လက်ချောင်းခြေချောင်းထိပ်လေးတွေကို နာနာလေးဖိပြီး နှိပ်ပေးပါ။

၁၁။ ဖုန်းတွေ၊ ကွန်ပျူတာတွေကို သုံးရင် မှန်ကန်တဲ့ ကိုယ်နေဟန်ထားနဲ့ သုံးပါ။ ခါးကို မတ်မတ်ထိုင်ပါ။

၁၂။ ကွန်ပျူတာတွေ၊ ဖုန်းတွေသုံးရင် screen brightness ကို လျှော့ပါ။ စာဖတ်ရင် မီးလင်းလင်းဖွင့်ပြီး ဖတ်ပါ။ စာအုပ်တွေ၊ screen တွေကို အနည်းဆုံး ၂၅  စင်တီမီတာခွာပြီး ကြည့်ပါ။

၁၃။ မျက်စိအားဆေးတွေသောက်ပါ။ ဖုန်းတွေ၊ ကွန်ပျူတာတွေ အကြည့်များသူတွေ၊ မျက်စိအားနည်းတဲ့သူတွေအတွက်ကတော့ မျက်ရိုးကိုက်တာတွေ၊ မျက်စိညောင်းတာတွေကို ဂရုစိုက်နိုင်စေဖို့ မျက်စိအားဆေးသောက်တာ အကောင်းဆုံးပါ။ ဥပမာ iiCare လိုပေါ့။

ကဲ… ဒီနည်းလမ်းလေးတွေနဲ့ဆိုရင် မျက်စိပါဝါကို လွယ်လွယ်ကူကူလျှော့ချနိုင်ပြီပေါ့။ မျက်မှန်တပ်ရတဲ့ ဒုက္ခကို မျက်မှန်တပ်ရတဲ့သူတွေသာ နားလည်နိုင်တာမို့ မျက်လုံးပါဝါလျော့အောင် ဒီနည်းလမ်းလေးတွေနဲ့ ပါဝါလျှော့လိုက်ရအောင်နော်။

ပရိသတ်ကြီးတို့ရဲ့ မျက်စိကျန်းမာရေးကို ဂရုစိုက်တဲ့ရည်ရွယ်ချက်နဲ့ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ iiCare မျက်စိအားဆေးတို့မှ ပူးပေါင်းတင်ဆက်သည်။