ဉာဏ်ကြီးရှင်

0
132

တစ်ခါက မြို့လေးတစ်မြို့မှာ အသက် (၆ဝ) ကျော်အရွယ် အဘိုးအိုတစ်ဦးရှိပါတယ်။ သူက သူ့ခြံလေးထဲမှာ အာလူးတွေစိုက်ရတာ သိပ်ကိုဝါသနာပါသတဲ့။

ဒါပေမဲ့ သားဖြစ်သူက ထောင်ကျနေတာကြောင့် အဘိုးအိုခမျာ တစ်ယောက်တည်း အထီးကျန်နေတဲ့အပြင်  အသက်အရွယ်အိုမင်းတာကြောင့် အားနည်းနေတာပေါ့။ ဒီတော့ အဘိုးအိုက ထောင်ကျနေတဲ့ သားဖြစ်သူဆီ စာတစ်စောင်ရေးပြီး ပို့လိုက်တယ်။

“သားရေ… အဖေအရင်ကလို အာလူးတွေ မစိုက်နိုင်တော့တဲ့အတွက် ဝမ်းနည်းမိတယ်။ သားသာ ဒီမှာရှိမယ်ဆိုရင် အာလူးစိုက်ဖို့ အဖေ့ကို မြေကြီးတွေ ကူပြီးတူးပေးမှာ။” လို့ စာထဲမှာရေးထားပါတယ်။

နောက်ရက်ပိုင်းအတွင်းမှာပဲ သားဖြစ်သူဆီကနေ စာပြန်လာတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

“အဖေရေ… ခြံထဲမှာ ဟိုတူးဒီတူးလုပ်မနေနဲ့ဦး။ ကျွန်တော် ပစ္စည်းကို ခြံထဲမှာ မြှုပ်ထားတယ်။ အဖေ့ကိုလည်း သတိရနေပါတယ်။” တဲ့။

အဲဒီစာရပြီး မကြာခင်မှာပဲ မှုခင်းတပ်ဖွဲ့တွေ၊ ရဲတွေ အဘိုးအိုရဲ့ခြံထဲကို ရောက်လာကြတယ်။ ခြံထဲကို နေရာအနှံ့တူးဆွပြီး ရှာဖွေကြတယ်၊ ဒါပေမဲ့ ဘာမှတွေ့မသွားဘူး။

နောက်နေ့မှာပဲ အဘိုးအိုဆီကို သူ့သားရေးလိုက်တဲ့စာ ထပ်ရောက်လာတယ်။

စာထဲမှာ ရေးထားတာက-

“အဖေရေ… ခြံထဲမှာ အဖေအာလူးစိုက်လို့ရအောင် မြေဆွပြီးပြီထင်ပါတယ်။ ဒါဟာ သားအနေနဲ့ ဒီထဲကနေအဖေ့ကို လုပ်ပေးနိုင်တာလေးပါ။ အဖေ့ကို ချစ်တယ်။” ဆိုပြီးတော့ပေါ့။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။