၂ဝ၁၈၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဇွန်လ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ)

0
132
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ဖြစ်ချင်တာတွေနဲ့ ဖြစ်လာတာတွေ ကွာခြားနေတာကြောင့် စိတ်ဖိစီးမှုတချို့ ခံစားနေရမယ့် ကာလပါ။ စိတ်မပူပါနဲ့။ လုပ်ငန်းအဆင်ပြေအောင် ကူညီစောင့်ရှောက်မယ့်သူတွေ မကြာခင် ပေါ်လာ မှာပါ။ မိသားစုအတွင်း မိသားစုဝင်အသစ်တိုးမယ်။ ချစ်သူမရှိသေးသူများ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ ကြာဆန်ကြော်ဆွမ်းလောင်းပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

အလုပ်ထဲမှာ တိုးတက်အောင်မြင်မှုလေးတွေရနေတာကြောင့် ပျော်ရွှင်နေမယ်။ အထက်အရာ ရှိ၊ အကြီးအကဲတွေရဲ့ ကူညီစောင့်ရှောက်မှုတွေကို ရရှိမယ်။ ကြိုးစားသလောက် နေရာပေးခံရမယ်။ ငွေကြေးဝင်မယ်။ အချစ်ရေး သိပ်ကံမကောင်းသေးပါ။ ချစ်သူရှိသူများ ချစ်သူနဲ့ ခဏခွဲနေရမယ်။

ယတြာ။         ။ မွေးရက်မှာ သက်သတ်လွတ်စားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

ဆရာသမားဟောင်း၊ မိတ်ဆွေဟောင်းတွေနဲ့ မမျှော်လင့်ဘဲ ပြန်ဆုံရတတ်တယ်။ ပျော်စရာ ခရီးစဉ်တွေ ထွက်ရမယ်။ စီးပွားရေးလုပ်ငန်းသစ်တွေ ချဲ့ထွင်ဖို့ အခွင့်အလမ်းကောင်းတွေပေါ်မယ်။ ငွေကြေးကိစ္စတွေမှာ အလောသုံးဆယ်မဆုံးဖြတ်ပါနဲ့။ ဆုံးရှုံးရတတ်တယ်။ အချစ်ရေးမှာ ရပ်ဝေးက လူနဲ့တွေ့မယ်။

ယတြာ။         ။ မွေးရက်မှာ ဘုရားသွားပြီး ပဌာန်းရွတ်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ကျန်းမာရေးဂရုစိုက်ပါ။ အထူးသဖြင့် သွားနဲ့ပတ်သက်တဲ့ ဝေဒနာဒုက္ခပေးတတ်တယ်။ အစား အသောက် ဆင်ခြင်ပါ။ ပညာရေးလေ့လာလိုက်စားနေသူများ နိုင်ငံရပ်ခြားအထိ ပညာသင်ယူကိန်းရှိ တယ်။ မိသားစုအတွင်း ပျော်စရာသတင်းကောင်းကြားရမယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ အိမ်နီးချင်းကလေးတွေကို နို့ထမင်းကျွေးပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ရှိတဲ့အချိန်နဲ့ မလောက်ငှအောင် လုပ်ချင်တဲ့အလုပ်တွေများနေလိမ့်မယ်။ စိတ်ကော၊ လူပါ ပင်ပန်းပေမယ့် ပင်ပန်းရကျိုးနပ်အောင်လည်း အကျိုးအမြတ်တွေ ခံစားရမယ့် ကာလဖြစ်ပါတယ်။ ကူညီစောင့်ရှောက်ရမယ့်သူတွေ အနားကို မကြာခဏရောက်လာတတ်တယ်။ စေတနာနဲ့ အကျိုး ကျေးဇူးကို ပြန်ခံစားရမှာပါ။ အချစ်ရေးမှာ ချစ်သူနဲ့မကြာခဏ စိတ်ကောက်နေရမယ်။

ယတြာ။         ။ သူငယ်ချင်းတစ်ယောက်ကို ထီးအပြာရောင်လက်ဆောင်ပေးပါ။

၆။ ကန်ရာသီဖွား (Virgo)   
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

စိတ်ထားမဖြောင့်မတ်သူတချို့ရဲ့ မနာလိုတိုက်ခိုက်မှုတွေကြောင့် အလုပ်လုပ်ရတာ စိတ်အ နှောင့်အယှက်ဖြစ်ရမယ့် ကာလပါ။ အရာရာကို စိတ်လိုက်မာန်ပါမတုံ့ပြန်ပါနဲ့။ ပြဿနာတွေ ပိုကြီး ထွားလာတတ်ပါတယ်။ မေတ္တာနဲ့တုံ့ပြန်ရန် မကြာခင် အဆင်ပြေသွားမှာပါ။ အချစ်ရေးမှာ နားလည်မှု ရှိသူနဲ့တွေ့မယ်။ စိတ်ချမ်းသာရမယ်။

ယတြာ။         ။ အခင်မင်ဆုံးသူငယ်ချင်းကို ကြေးအိုးတိုက်ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

အကောင်းနဲ့အဆိုးဒွန်တွဲနေတဲ့ ကာလဖြစ်ပါတယ်။ ငွေကြေးဝင်သလို ငွေထွက်လည်းများနေ တာကြောင့် စိတ်မောနေရမယ်။ မိသားစုအတွက် ငွေကုန်ကြေးကျစရာ ကိစ္စကြီးကြီးမားမားပေါ်မယ်။ မိတ်ဆွေကောင်းတွေရဲ့ အကူအညီရမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ နေအိမ်ခြံဝင်းအတွင်း အပင် ၃ ပင်စိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ  

မတော်တဆပြောမိတဲ့ စကားအမှားအယွင်းတစ်ခုကြောင့် ချစ်ခင်သူမိတ်ဆွေသူငယ်ချင်းတွေနဲ့ စိတ်သဘောထားကွဲလွဲရတတ်တဲ့ ကာလပါ။ စကားအပြောအဆို အထူးသတိပြုပါ။ အလှူအတန်းကိစ္စ ပေါ်မယ်။ မိဘဘိုးဘွားအမွေအနှစ်ကို ခံစားရမယ်။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့မယ်။

ယတြာ။         ။ နာမကျန်းသူတစ်ဦးကို ဆေးဝါးနဲ့ အာဟာရဒါနပြုပါ။
၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

နောက်ကျောကနေ ဓားနဲ့ထိုးတတ်တဲ့ မိတ်ဆွေရင်းချာတစ်ဦးကြောင့် ကြံစည်ကြိုးစားထားသ မျှ အလုပ်လေးတွေ ကြန့်ကြာသွားတတ်တဲ့ ကာလပါ။ လျှို့ဝှက်ချက်တွေ မပေါက်ကြားအောင် ထိန်း သိမ်းပါ။ မိသားစုအတွင်း ငွေကြေးကြီးကြီးမားမားဝင်မယ်။ ထီထိုးပါ။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ မိဘတွေကို ငွေကြေးနဲ့ ကန်တော့ပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

 

စာပေ၊ ဂီတ၊ သရုပ်ဆောင်စတဲ့ အနုပညာလုပ်ငန်းလုပ်ကိုင်သူများအတွက် အထူးအကျိုးပေး မယ့် ကာလဖြစ်ပါတယ်။ မြေတောင်မြှောက်ပေးမယ့် ဆရာသမားကောင်းတွေတွေ့မယ်။ ဝန်ထမ်းဖြစ် ပါက ရာထူးတိုးမယ်။ အချစ်ရေးမှာ ချစ်သူရဲ့သဝန်တိုမှုကြောင့် ခဏခဏရန်ဖြစ်နေရမယ်။

ယတြာ။         ။ မွေးနံထောင့်မှာ စံပယ်ပန်းကပ်လှူပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

စန်းပွင့်ပြီး ရောက်လေရာမှာ ချစ်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေတာကြောင့် ရွေးရခက်နေတတ် တယ်။ အဖိုးတန်ပစ္စည်းတွေ၊ ငွေကြေးတွေ ပျောက်ရှကိန်းရှိတာကြောင့် အထူးသတိထား ထိန်းသိမ်း ပါ။ အချေးအငှား သတိပြုပါ။ အချစ်ရေးမှာ ကလေးဆန်သူနဲ့တွေ့မယ်။

ယတြာ။         ။ မွေးရက်မှာ လမ်းဘေးခွေးလေးတွေကို ထမင်းဟင်းကျွေးပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ပျော်စရာလေးတွေ ဝိုင်းနေတဲ့ကာလဖြစ်ပါတယ်။ စီးပွားရေး၊ လူမှုရေး၊ အချစ်ရေးနဲ့ပတ်သက် ပြီး စိတ်ချမ်းသာစရာလေးတွေနဲ့ ပြည့်နေမယ်။ အဝေးက ဆရာသမားကောင်းတွေရဲ့ ကူညီစောင့် ရှောက်မှုကို လက်ခံရရှိမယ်။ အချစ်ရေးမှာ စိတ်သဘောထားချင်းတူသူနဲ့တွေ့မယ်။

ယတြာ။         ။ မွေးနေ့မှာ ငါးသက်စေ့လွှတ်ပါ။
တိုက်ဆိုင်မှုလေးတွေပါရင် SHARE လိုက်ပါဦးနော်။