ဆံပင်၊ အသားအရေနဲ့ လက်သည်းတို့အတွက် ဗီတာမင် C ရဲ့ ကောင်းကျိုးများ

0
58

စာချစ်သူတို့ရေ…

ဗီတာမင် C လို့ဆိုလိုက်ရင် ခန္ဓာကိုယ်အတွက် သက်စောင့်ဓာတ်တစ်မျိုးဆိုတာကို ယေဘုယျ အားဖြင့် အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ ဘယ်လိုကောင်းတာလဲ၊ ဘာအတွက် ကောင်းတာလဲဆို တာကိုတော့ စေ့စေ့ငုငုသိတဲ့သူနည်းပါတယ်။ ဒါကြောင့် ဂန္ထဝင်ချစ်တဲ့စာချစ်သူတို့အတွက် ဆံပင်၊ အ သားအရေနဲ့ လက်သည်းတွေအတွက် ဗီတာမင် C က ဘယ်လိုကောင်းကျိုးတွေရရှိစေနိုင်လဲဆိုတဲ့ ဗဟုသုတလေးတွေကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

ဆံပင်။          ။ ဗီတာမင် C ဟာ ဆံသားတွေ သန်စွမ်းဖို့အတွက် အာဟာရဓာတ်အပေးနိုင်ဆုံးအရာ တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဆံပင်သန်စွမ်းဖို့အတွက် အရေးကြီးဆုံးဖြစ်တဲ့ ကော်လာဂျင် (collagen)ကို တည်ဆောက်ပေးပါတယ်။ ဆံသားရဲ့ကျန်းမာသန်စွမ်းမှုကို ထိန်းသိမ်းပေးနိုင်တဲ့ သံ ဓာတ်ကို စုပ်ယူရာမှာလည်း အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။

လက်သည်း။   ။ ဗီတာမင် C ဟာ ကော်လာဂျင်(collagen)ထုတ်လုပ်မှုကို ကူညီပေးပြီး လက်သည်း တွေကို ကျန်းမာသန်စွမ်းစေပါတယ်။

အသားအရေ။           ။ ဗီတာမင် C ဟာ ကော်လာဂျင်ကို တိုးမြှင့်ပေးခြင်း၊ ဖန်တီးပေးခြင်းအားဖြင့် အသားအရေကို ကျန်းမာစိုပြေအောင်ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် အရေးအကြောင်းတွေ၊ အမည်း စက်တွေမဖြစ်ပေါ်အောင်လည်း ကာကွယ်ပေးနိုင်တာကြောင့် အသားအရေကို လှပနုပျိုစေပါတယ်။

ဗီတာမင် C ဓာတ်ရဲ့အစွမ်းကတော့ လူခန္ဓာကိုယ်အတွက် အံ့မခန်းပါပဲနော်။ အဲ့ဒီဓာတ်ကို ရရှိဖို့ဆိုရင် ဗီတာမင် C ကြွယ်ဝတဲ့အစားအစာတွေ စားပေးနိုင်သလို အချိန်ပေးစရာမလိုဘဲ နှစ်သက် ရာ ရနံ့လေးကို ရွေးချယ်လို့ရတဲ့ ViCee လို ငုံဆေးပြားတွေလည်း သောက်လို့ရပါတယ်။ ViCee ဟာ ဗီတာမင် C ဓာတ်ချို့တဲ့ခြင်းကို ကုသဖို့နဲ့ ကာကွယ်ဖို့ ထုတ်ထားတာဖြစ်တဲ့အတွက် နေ့စဉ်သောက် သုံးပေးခြင်းဖြင့် ကျန်းမာလှပသော ဘဝကို ပိုင်ဆိုင်စေပါတယ်။

ဂန္ထဝင်စာချစ်သူများရဲ့ အလှအပနဲ့ကျန်းမာရေးအတွက် ယခုဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Vicee တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။

Leave a Reply