စိတ်ပညာရှင်တွေပြောတဲ့ ပျော်ရွှင်မှုရဲ့ အဓိပ္ပါယ်

0
148

 

စာချစ်သူတို့ရေ…. ။

လူတွေအားလုံးဟာ ဘဝမှာ  ပျော်ပျော်ရွှင်ရွှင်နေချင်ကြတယ်။ အချို့လူတွေအတွက် အောင်မြင်မှုက ပျော်ရွှင်မှုဖြစ်ပြီး၊ တစ်ချို့လူတွေကတော့ အချစ်ရေးအဆင်ပြေမှုကို ပျော်ရွှင်မှုအဖြစ်ယူဆကြတယ်။ အိမ်လှလှလေးတွေ၊ အလုပ်ကောင်းကောင်းတွေ၊ စာမေးပွဲရမှတ်တွေ စတာတွေကို ပျော်ရွှင်မှုရဲ့ သော့ချက်အဖြစ်လက်ခံထားကြတယ်။

တကယ်တော့ ပျော်ရွှင်မှုဆိုတာ ဘာလဲ။ ဘယ်သူတွေက ပိုပြီးပျော်ရွှင်ကြတာလဲ။ အဲဒီမေးခွန်းလေးတွေကို စဉ်းစားဖူးလား စာချစ်သူရေ…

တကယ်တော့ ပျော်ရွှင်မှုဆိုတာ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင် ဝေးလွင့်သွားတတ်တဲ့ သဲပွင့်လေးတွေလိုပါပဲ။ ပျော်ရွှင်မှုနောက်ကိုတကောက်ကောက်လိုက်လေလေ ပျော်ရွှင်မှုက  သင်နဲ့အဝေးကို ထွက်သွားလေလေပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

စိတ်ပညာရှင်တွေအများစုကတော့ ပျော်ရွှင်မှုဆိုတာ စိတ်ဖိစီးမှုကင်းစင်ပြီး လက်ရှိအချိန်မှာ ခံစားမှုတွေပေါ့ပါးနေတာလို့ပြောပါတယ်။ သူတို့ရဲ့အဆိုအရ ကိုယ်လုပ်နိုင်တာတွေကို အကောင်းဆုံးလုပ်ဆောင်မယ်၊ အရာရာကို အရှိအတိုင်းလက်ခံနေထိုင်နိုင်ရင် စစ်မှန်တဲ့ပျော်ရွှင်မှုကို ခံစားရမယ်လို့ဆိုပါတယ်။

အဲဒါဆိုရင် စစ်မှန်တဲ့ပျော်ရွှင်မှုကိုရဖို့ ဘယ်လိုတည်ဆောက်ကြမလဲ။ စိတ်ပညာရှင်တွေကတော့ အချက်လေးချက်ရှိရင် ပျော်ရွှင်မှုကို ဖန်တီးနိုင်ပြီလို့ဆိုပါတယ်။

၁။ ဘေးနားကလူတွေကို တန်ဖိုးထားပြီးဆက်ဆံပါ။

၂။ မိမိရဲ့ ရည်မှန်းချက်တွေကို သိရှိပြီး ရောက်အောင်သွားပါ။

၃။ မိမိရဲ့ ယုံကြည်မှုတွေအတွက် ခိုင်မာစွာရပ်တည်ပါ။

၎။ မိမိကိုယ်ကို ကောင်းစွာနားလည်ပါ။

စာချစ်သူတို့အားလုံးပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။