စိတ်ကျဝေဒနာခံစားနေရတယ်ဆိုတဲ့ လက္ခဏာများ

0
195

စာချစ်သူတို့ရေ….။

ယနေ့ခေတ်ကြီးမှာရုပ်ဝတ္ထုပစ္စည်းတွေတိုးတက်လာသလိုလူတွေရဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကတော့ များပြားလျက်ရှိပါတယ်။ တိုးတက်နေတဲ့ ခေတ်ကြီးကိုအမှီလိုက်ဖို့ မိသားစုဝင်အချင်းချင်း၊ မိတ်ဆွေသူငယ်ချင်းအချင်း၊ ယုတ်စွအဆုံးချစ်သူရည်းစားချင်းတောင် အချိန်များများပေးဖို့ ပြောဆိုဆက်ဆံဖို့ အချိန်တွေရှားပါးလာတဲ့အခါ လူတွေအနေနဲ့ စိတ်ဓာတ်ကျတာ၊ စိတ်ပူပန်တာ၊ စိတ်ဖိစီးမှုများတာစတဲ့ စိတ်ရောဂါတွေကိုခံစားရလာပါတယ်။

စိတ်ကျရောဂါဆိုတာကလည်းလူတိုင်းနီးပါးကြုံတွေ့ရနိုင်တဲ့ ဝေဒနာတစ်ခုဖြစ်တာကြောင့် မိမိအနေနဲ့ သာမန်စိတ်ညစ်တာ၊ စိတ်ပင်ပန်းနေတာလားစိတ်ကျဝေဒနာခံစားနေရလားဆိုတာကိုသိရှိနိုင်ဖို့ စိတ်ကျဝေဒနာခံစားရတဲ့အခါ ဖြစ်တတ်တဲ့ လက္ခဏာအများစုကိုစာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

သင့်အနေနဲ့…

ညစဉ်ရက်ဆက်အိပ်မပျော်တာ၊ အိပ်ပျော်ဖို့ခက်ခဲတာ၊ အိပ်ပျော်သွားတယ်ဆိုရင်တောင် လန့်နှိုးတာမျိုးတွေဖြစ်နေတယ်ဆိုရင်….

အသေးအဖွဲကိစ္စလေးတွေမှာစိတ်ပူနေတတ်ပြီဆိုရင်….

ကိုယ့်ကိုယ်ကိုယုံကြည်မှု နည်းပါးပြီးတစ်ခုခုမှားသွားမှာအမြဲစိုးရိမ်နေတတ်တယ်ဆိုရင်

အိပ်မက်ဆိုးတွေ နေ့စဉ်ရက်ဆက်မက်နေတယ်ဆိုရင်

အလွယ်တကူကြောက်ရွံ့ထိတ်လန့်တတ်နေပြီဆိုရင်

ဗိုက်နာဗိုက်အောင့် မကြာခဏဖြစ်နေတတ်ပြီဆိုရင်…

လက်ခဏခဏဆေးတာ၊ ခြေထောက်ခဏခဏဆေးတာစတဲ့ အရင်ကလိုမဟုတ်တဲ့ ထူးထူးဆန်းဆန်းအမူအကျင့်အတွေဖြစ်နေပြီဆိုရင်…

လူတွေနဲ့မတွေ့ချင်ဘဲတစ်ယောက်တည်းနေချင်လာပြီဆိုရင်….

အသက်ရှင်ချင်စိတ်မရှိတာ၊ ဘဝကြီးကအဓိပ္ပါယ်မရှိသလိုခဏခဏခံစားနေရတယ်ဆိုရင်

ဘာမှမဟုတ်တဲ့အကြောင်းအရာလေးတွေမှာဝမ်းနည်းတတ်လာသလို၊ မရယ်ရတဲ့ ဟာသတွေကိုလည်းအားရပါးရရယ်တတ်နေပြီဆိုရင်စိတ်ကျရောဂါခံစားနေရတယ်ဆိုတဲ့ လက္ခဏာရပ်တွေပါ။

ဤဆောင်းပါးကိုဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

စိတ်ကျရောဂါတွေခံစားနေရတယ်ဆိုတာဟာရှက်ရွံ့စရာကိစ္စမဟုတ်သလို၊ ဖုံးကွယ်ထားရမယ့်အရာလည်းမဟုတ်ပါဘူး။ အဲ့ဒါကိုကျော်လွှားရင်ဆိုင်မလဲဆိုကပဲအရေးကြီးတာပါ။ ကိုယ့်ကိုယ်ကိုစိတ်ကျရောဂါတစ်ခုခုခံစားနေရတယ်ဆိုတာကိုသာသိနေမယ်ဆိုရင်၊ စိတ်ကျရောဂါတွေရဲ့ လက္ခဏာရပ်တွေကိုသိထားပြီးစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစေမယ့် ဘဝနေနည်းတွေကိုကျင့်ကြံမယ်ဆိုရင် ကျန်းမာပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်တယ်။