စာမတော်လို့ အသုံးမကျတဲ့သူလို့ မထင်လိုက်ပါနဲ့။ ငွေရှာတော်ရင် သူဋ္ဌေးဖြစ်နိုင်ပါတယ်။

0
328

“ဉာဏ်ကောင်းပြီး ပညာတော်ရဲ့သားနဲ့ ဘာကြောင့် မချမ်းသာတာလဲ”

တော်တော်များများ မေးကြ၊ ပြောကြ၊ တွေးကြတဲ့ အကြောင်းအရာလေးပါ။ တကယ်က စာတော်ခြင်း၊ မတော်ခြင်းက ငွေကြေးချမ်းသာခြင်း၊ မချမ်းသာခြင်းနဲ့ တိုက်ရိုက်ပတ်သက်မနေဘူးလို့ ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် စာတော်တဲ့သူတွေက စာမတော်တဲ့သူတွေထက် ပိုပြီး ချမ်းသာတာမျိုးမရှိဘူးလို့ လေ့လာချက်တွေအရ သိရပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အံ့သြစရာကောင်းတဲ့ အချက်တစ်ချက်ကတော့ သိပ်ကို ဉာဏ်ကောင်းပြီး ထက်မြက်လွန်းတဲ့သူတွေဟာ ငွေကြေးဆိုင်ရာပြဿနာတွေ အများဆုံးကြုံရတဲ့သူတွေပါတဲ့။ ဉာဏ်ကောင်းရုံနဲ့ ချမ်းသာလာတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

ပညာမထူးချွန်ပေမဲ့ စီးပွားရေးအကွက်မြင်လို့၊ ဇွဲနဲ့ကြိုးစားလို့၊ ကုသိုလ်ကံအကျိုးပေးကောင်းလို့ ချမ်းသာနေကြသူတွေ တစ်ပုံကြီးပါ။ ဉာဏ်ကောင်းတယ်ဆိုပြီး ထိုင်နေတိုင်း ဝင်ငွေတွေ ဘယ်လိုလုပ်များလာလဲ မဟုတ်ဘူးလား။ ဉာဏ်ကောင်းတယ်ဆိုပြီး သူများပိုက်ဆံချေးပြီး ပြန်မဆပ်လို့မှ မရတာ။ ဉာဏ်ကောင်းတယ်ဆိုပြီး ငွေတွေ အလိုလိုရောက်လာတာမှ မဟုတ်တာပဲလေ။

ဒါပေမဲ့ သိထားသင့်တာတစ်ခုက ဉာဏ်ပညာနဲ့ မစဉ်းစားမချင့်ချိန်တတ်ရင်လည်း ချမ်းသာဖို့ မလွယ်ပါဘူး။ ကျောင်းစာမတော်ရင်တောင် ကိုယ်လုပ်နေတဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး ဗဟုသုတများများရှိဖို့၊ စီးပွားရေးအကွက်မြင်ဖို့လည်း လိုပါတယ်။

ဒါကြောင့် အနှစ်ချုပ်ပြောရရင် ဉာဏ်ကောင်းပြီး စာတော်တာနဲ့ပဲ သူများတွေထက်ပိုပြီး ချမ်းသာနိုင်တယ်လို့ တစ်ထစ်ချမမှတ်ယူနိုင်ပါဘူး။ ကိုယ့်ရဲ့ ဉာဏ်ပညာကို အကောင်းဆုံးအသုံးချပြီး စီးပွားရေးကောင်းကောင်းလုပ်နိုင်မှသာ ချမ်းသာမှာဖြစ်ပါတယ်။ ပြီးတော့ စာမတော်တိုင်းလည်း အသုံးမကျတဲ့သူလို့ မထင်ပါနဲ့။ ကျောင်းစာမှာမတော်ပေမဲ့ ငွေရှာတော်ရင် သူဋ္ဌေးကြီးဖြစ်နိုင်ပါတယ်။ မယုံရင် မူလတန်းမှာတောင် စာမေးပွဲခဏခဏကျခဲ့ဖူးတဲ့ တရုတ်သူဋ္ဌေးကြီး ဂျက်ခ်မာ (Jack Ma) ကိုပဲ ကြည့်လေ။

သင်ရော ဘယ်လိုထင်လဲ။ သင့်အမြင်လေးကို comment box မှာ ဆွေးနွေးခဲ့ပါဦးနော်။