စစ်မှန်တဲ့ပျော်ရွှင်မှု၊ အေးချမ်းတဲ့စိတ်နှလုံးအတွက် ဒဿနအတွေးအမြင်လေးများ

0
484

၁။ပစ္စုပ္ပန်မှာပဲ နေထိုင်ပါ။ ဘာလို့လဲဆိုတော့ အတိတ်ဆိုတာ ပြီးသွားပြီ၊ အနာဂတ်ဆိုတာကလည်း မသေချာသေးတဲ့အရာတစ်ခုပဲလေ။

၂။ တစ်စုံတစ်ယောက်ကိုချစ်မိသွားပြီဆိုရင် ချစ်တဲ့အကြောင်းကို ဖွင့်ပြောလိုက်ပါ။ ဘာအကြောင်းကြောင့်မှ အဆုံးရှုံးမခံပါနဲ့။

၃။ငွေကြေးဆိုတာ စိတ်ချမ်းမြေ့ပျော်ရွှင်မှုအတွက် သုံးနေသရွေ့တော့ ဖြုန်းတီးရာမရောက်ပါဘူး။

၎။ ကိုယ်နားမလည်တဲ့အကြောင်းအရာတွေကို နားလည်တဲ့သူကို ရှင်းပြခိုင်းပါ။

၅။ အပေါင်းအသင်းကောင်းတွေလိုချင်တယ်ဆိုရင် အရင်ဆုံးကိုယ်က ဖိတ်ခေါ်ရမှာပါ။

၆။ ကိုယ်လိုချင်တဲ့အရာကို ရိုးရှင်းစွာတောင်းဆိုတယ်ဆိုတာ ရှက်စရာမဟုတ်ပါဘူး။

၇။ သဘောတူညီမှုရနိုင်မယ့်အခြေအနေကို ရောက်နိုင်တယ်ဆိုရင် ငြင်းခုံမှုတွေကို ရှောင်ပါ။

၈။ အကြောင်းအရာတစ်ခုကို သင်ပိုနားလည်ချင်ရင် သူများကို သင်သိသလောက်ရှင်းပြပါ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၉။ ကိုယ့်အပြစ်ကို ကိုယ်တိုင်ဝန်ခံပါ။ သူများကို အပြစ်ပုံချပြီး အကြောင်းမရှာပါနဲ့။

၁ဝ။ လူတိုင်းမှာ အမှန်တရားကိုယ်စီရှိကြတယ်။ တစ်ခါတလေမှာ အခြားသူလက်ခံထားတဲ့ အမှန်တရားက သင့်ကိုယ်ပိုင်အမှန်တရားနဲ့ မတိုက်ဆိုင်တာမျိုးတွေ ရှိတတ်တယ်။

၁၁။ ဘဝမှာ ချစ်ခြင်းမေတ္တာဆိုတာ အဓိကပါ။ အခြားအရာတွေက သာမညတွေပါ။

၁၂။ သင့်ပြဿနာတွေဆိုတာ သင့်ဦးနှောက်သုံးပြီး သင်ကိုယ်တိုင်ဖြေရှင်းသင့်တဲ့ ဘဝပုစ္ဆာတွေ ဖြစ်ပါတယ်။

၁၃။ လောကကြီးက သင့်အပေါ်မဆိုးသလို ကောင်းလဲမကောင်းပါဘူး။ သင်ရှိသည်ဖြစ်စေ၊ မရှိဖြစ်စေ သူကတော့ လည်ပတ်နေဦးမှာပါပဲ။

၁၄။ ဘဝတစ်လျှောက်လုံးမှာ ကြုံလာရမယ့် ကောင်းခြင်း၊ ဆိုးခြင်းတွေအားလုံးကနေ ပျော်ရွှင်မှုကို ရအောင် ရှာဖွေနိုင်ဖို့ လိုပါတယ်။

၁၅။ ဒီနေ့ဟာ သင့်ဘဝရဲ့အကောင်းဆုံးအကောင်းဆုံးနေ့တစ်နေ့ဖြစ်နိုင်တယ်လို့ နေ့ရက်တိုင်းမှာ မှတ်ယူထားပါ။

၁၆။ လောကကြီးက သင့်ရဲ့ ကျေးဇူးကံကျေးဇူးစားမဟုတ်ပါဘူး၊ ဒါကြောင့် သင့်ရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေအတွက် လောကကြီးကို မတိုင်တည်ပါနဲ့။

၁၇။ သင့်ဘဝမှာ သင်ယုံကြည်လို့ရမယ့် တစ်ဦးတည်းသောသူက သင်ကိုယ်တိုင်ပါပဲ။

၁၈။ အခြားသူရဲ့ ကတိစကားထက် ကိုယ့်နှလုံးသားကစကားသံကို ပိုပြီး ယုံကြည်ပါ။

အထက်မှာ ဖော်ပြထားတဲ့အချက်လေးတွေက လူတိုင်းရဲ့ အတွေးတွေ၊ ခံယူချက်တွေနဲ့ ကိုက်ညီချင်မှ ကိုက်ညီလိမ့်မယ်၊ ဒါပေမဲ့ ဒီအချက်လေးတွေကို သိရှိနားလည်ထားခြင်းက စိတ်ရဲ့ အေးချမ်းစေတယ်၊ အတွေးအမြင်တွေကို ကောင်းမွန်စေတယ်၊ ပြီးတော့ စစ်မှန်တဲ့ပျော်ရွှင်ခြင်းကို ပိုင်ဆိုင်စေနိုင်မယ်ဆိုတာ အသေအချာပါပဲရှင်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။