ကလေးတွေအတွက် အဓိပ္ပာယ်အရှိဆုံးနဲ့ အမှတ်တရအဖြစ်ဆုံး အပြုအမူလေးတွေဆိုတာ

0
259
ဖေဖေမေမေတို့ရေ…
၁။ ညစာစားပြီးတဲ့အချိန်တွေမှာ မိသားစုအတူတူလမ်းလျှောက်ရင်း တစ်နေ့တာအကြောင်းကို ပြန်ပြောပြတာ

၂။ ကလေးလေးတွေရဲ့ အကူအညီယူပြီး သူတို့နဲ့အတူတူ မုန့်လေးတွေလုပ်စားတာ

၃။ အိမ်မွေးတိရစ္ဆာန်လေးတွေကို အတူတူ အစာကျွေးတာ

၎။ ကလေးလေးတွေကို ရေချိုးပေးပြီး ရေဆော့ခိုင်းတာ

၅။ လက်ဖက်ရည်ဝိုင်းမှာ ကလေးတွေကို အတူတူထိုင်ခိုင်းပြီး အရေးတယူစကားပြောတာ

၆။ ကလေးတွေဆော့တဲ့ card ကစားနည်းလေးတွေ အတူတူကစားပေးတာ

၇။ ကလေးတွေစိတ်ဝင်စားမယ့် ပုံပြင်လေးတွေကို ညအိပ်ရာဝင်တိုင်း ဖတ်ပြပေးတာ

၈။ ဟာသလေးတွေ ပြောပြတာ၊ ကလိယားထိုးတာ၊ မျက်နှာပုံစံအမျိုးမျိုးနဲ့ပြောင်ပြပြီး ကလေးတွေကို ရယ်အောင်လုပ်တာ

၉။ သူတို့လေးတွေဆော့နေတဲ့ ကစားပွဲထဲကို ဝင်ပြီး သူတို့နဲ့အတူတူကစားပေးတာ

၁ဝ။ မိဘတွေရဲ့ ငယ်ဘဝအတွေ့အကြုံလေးတွေ၊ အမှတ်ရစရာလေးတွေကို ပြန်ပြောင်းပြောပြတာ

စတဲ့ အပြုအမူလေးတွေက သင့်အတွက်မပင်ပန်းပေမဲ့ ကလေးလေးတွေအတွက်ကတော့ အဖိုးမဖြတ်နိုင်တဲ့၊ အဓိပ္ပာယ်ရှိလွန်းလှတဲ့ နေ့စဉ်အမူအကျင့်လေးတွေပါ။ ဒီအမူအကျင့်လေးတွေအတိုင်း နေ့စဉ်နေ့တိုင်း ကလေးလေးတွေကို ပြုမူပေးမယ်ဆိုရင် သားသားမီးမီးလေးတွေနဲ့ မိဘကြားမှာ ရင်းနှီးမှုတွေနဲ့ ပိုမိုနွေးထွေးလာစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး… ဒီလုပ်ရပ်လေးတွေဟာ မိဘတွေကနေ သားသမီးကို ပေးနိုင်တဲ့အဖိုးအတန်ဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံးလက်ဆောင်လေးတွေ ဖြစ်ပါတယ်။

သင်ရော သင့်သားသားမီးမီးလေးတွေအတွက် နေ့စဉ်နေ့တိုင်း ဘာလေးတွေလုပ်ပေးဖြစ်လဲ။ Comment box မှာ ဖလှယ်ခဲ့ပါဦးနော်။