ကမ္ဘာ့ရေကူးချန်ပီယံ မိုက်ကယ်ဖဲ့လ် (Michael Phelps) ရဲ့ အောင်မြင်ခြင်းဆိုင်ရာ သင်ခန်းစာများ

0
78
၁။ အောင်မြင်ဖို့အတွက် တစိုက်မတ်မတ်ကြိုးစားပါ။

အောင်မြင်မှုဆိုတာ နေ့ချင်းညချင်းမရနိုင်ပါဘူး။ အောင်မြင်မှုအတွက် ကြိုးစားမှုနဲ့ ဇွဲလုံ့လတွေ လိုအပ်ပါတယ်။ မိုက်ကယ်ရဲ့ အောင်မြင်မှုဟာ သူ့အလုပ်အပေါ်မှာ အကောင်းဆုံးကြိုးစားနိုင်ခဲ့လို့ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေပဲဖြစ်နေပါစေ၊ နေ့တိုင်းမပျက်မကွက် ရေကူးလေ့ကျင့်တယ်။ တစ်နေ့ကို ၆ နာရီပုံမှန်ရေကူးပြီး ကယ်လိုရီ ၁၂ဝဝဝ ပြည့်အောင် စားသောက်ပါတယ်။

၂။ ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်ပါ။

“ဝါသနာကို အလုပ်ဖြစ်အောင် ကြိုးစားပါ၊ ဒါဆိုရင် ဘဝမှာ ဘယ်တော့မှစိတ်မပါလက်မပါ အလုပ်လုပ်ရတယ်ဆိုတာ မရှိတော့ဘူး” ဆိုတာ တကယ့်ကိုကောင်းမွန်တဲ့ ဒဿနစာစုလေးပါ။ ၇နှစ် အရွယ်ကတည်းကစလို့ ရေကူးဝါသနာပါမှန်း သိသွားပြီးတဲ့နောက်မှာ မိုက်ကယ်ဟာ သူ့ရဲ့ဝါသနာကို ကြိုးစားမှုထပ်ပေါင်းပြီး ကမ္ဘာ့အိုလံပစ်ရေကူးပြိုင်ပွဲမှာ အနိုင်ယူနိုင်ခဲ့ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ဘယ်တော့မှ လက်မလျှော့ပါနဲ့။

စိန်ခေါ်မှုနဲ့ ဆုလာဘ်တွေဆိုတာ အကြွေစေ့တစ်စေ့ရဲ့ ခေါင်းနဲ့ပန်းလိုပါပဲ။ ဘဝမှာ နှစ်ခုစလုံးနဲ့ တွေ့ကိုတွေ့ရမယ်။ ဒါပေမဲ့ အဲဒီစိန်ခေါ်မှုတွေနဲ့ ဆုလာဘ်တွေကို ဘယ်လိုအသုံးချသလဲဆိုတာက တခြားသူတွေထက်အောင်မြင်အောင် လုပ်ပေးနိုင်မယ့်အချက်ပါပဲ။ ၂ဝဝ၈ ခုနှစ် ပေကျင်းအိုလံပစ်မှာ ပြိုင်နေတုန်း ရေကူးကန်အလယ်လောက်မှာ မိုက်ကယ်ရဲ့ ရေကူးမျက်မှန်က ရေမလုံဘဲ ရေတွေစတင်ဝင်လာခဲ့ပါတယ်။ ဒါပေမဲ့ ယုံကြည်ချက်မပျောက်ဆုံးဘဲ အကောင်းဆုံး ကြိုးစားပြီး ယှဉ်ပြိုင်နိုင်ခဲ့တယ်။ မျက်မှန်ရေဝင်လို့ ဘာမှမမြင်ရတာတောင် သူကူးတဲ့ကူးချက်ကိုမှတ်ပြီး အကွာအဝေးကို မှန်းဆနိုင်ခဲ့တယ်။ ဒါဟာ လက်မလျှော့တဲ့စိတ်ရယ်၊ ကျင့်သားရနေတဲ့အလေ့အကျင့်ရယ်ကြောင့်ပဲ မဟုတ်လား။

စိတ်ခွန်အားဖြစ်စရာ စာစောင်လေးမို့ SHARE လိုက်ပါဦးနော်။

Leave a Reply